











မင်္ဂလာရှင်…Fb မသုံးဖြစ်တဲ့၁နှစ်ခွဲလောက်ကာလအတွင်းအလှပုံတွေလဲမတင်ဖြစ်သလို၊အနုပညာအလုပ်တွေလဲမလုပ်ဖြစ်တော့ ပရိတ်သတ်တွေနဲ့လဲအဆက်အသွယ်ပြတ််သလိုဖြစ်သွားပါတယ်။ အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ဖခင်ကြီးနားမှာဘဲနေပြီးပြုစုနေတာ၂နှစ်နီးပါးရှိပါပြီ၊တဖြည်းဖြည်းနဲ့အခုချိန်မှာတော့အိပ်ရာပေါ်မှာဘဲအကူမပါရင်မထနိုင်တော့သလို၊အစားအသောက်လဲခွန့်ကြွေးမှစားနိုင်ပါတော့တယ်။ Nurse တွေရှိပေမဲ့လည်းအဖေ့ရဲ့နောက်ဆုံးအချိန်လေးမှာကိုယ်တိုင်အနားမှာနေပြီးပြုစုပေးချင်တာကြောင့်ရုပ်ရှင်၊ဇာတ်လမ်းတွဲတွေလိုအချိန်အကြာကြီးပေးရတဲ့အလုပ်တွေလုံးဝမလုပ်နိုင်တော့တာပါနော်၊အားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေရှင် လို့ ရေးသားလာတာကို တွေ့မြင်ရပါတယ်။