မဲဆန္ဒနယ်ပြင်ပမှာသွားရောက် တက္ကသိုလ်တက်ရောက်မယ့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေဟာ နိုဝင်ဘာလ ၁၈ ရက်နေ့က ၎င်းတို့ရဲ့ သက်ဆိုင်ရာ မဲစာရင်းပါရှိသော ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ကြိုတင်ဆန္ဒမဲများပေးနေကြတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် ကြိုတင်မဲကို နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ သက်ဆိုင်ရာ သတ်မှတ်မဲရုံတွေမှာ ဆန္ဒမဲပေးနိုင်ပြီဖြစ်ပါတယ်။








