တပ်မတော်အနေနဲ့ အွန်းလိုင်းလိမ်လည်မှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်

အွန်လိုင်းလိမ်လည်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရက အမြစ်ပြတ်ရှင်းလင်းမှုတွေပြုလုပ်လျက်ရှိရာ လက်ရှိ အချိန်မှာ KK Park နယ်မြေကိုရှင်းလင်းလျက်ရှိသလို ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနဲ့ အခြားဒေသတွေကို ဆက်လက်ဖော်ထုတ်ရှင်းလင်းသွားမှာဖြစ်ပါတယ်။

မြဝတီ-မယ်ထော်သလေး KK Park နယ်မြေ၊ ရွှေကုက္ကိုလ်နယ်မြေနဲ့ကျောက်ခက်နယ်မြေတွေဟာ KNLA အကြမ်းဖက်အဖွဲ့၊ KNU အကြမ်းဖက်အဖွဲ့နဲ့ PDF အကြမ်းဖက်အဖွဲ့၊ NCA လက်မှတ်ရေးထိုးထားတဲ့ ကရင် လက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်များလှုပ်ရှားရာနယ်မြေဒေသဖြစ်ပြီး အွန်လိုင်းလိမ်လည်မှု ကျူးလွန် သူတွေဟာ အဲဒီအဖွဲ့တွေနဲ့ဆက်စပ်ကာ အခြေခံအဆောက်အဦးတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လာရောက်ရင်းနှီးမြှုပ်နှံ ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

အဲဒီနေရာတွေမှာ လူနေထိုင်နိုင်ရန်လိုအပ်တဲ့ ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးနဲ့ အခြားအခြေခံအချက်အလက်တွေကို တစ်ဖက်နိုင်ငံမှရယူခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *