မန်ယူနိုက်တက်မှာ ပျော်ရွှင်နေတယ်လို့ ဘရူနိုဖာနန်ဒက်စ် ဖွင့်ဟ

★မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းမှာ ပျော်ရွှင်နေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ကို ထိခိုက်မှာစိုးလို့ ဆော်ဒီအာရေဗျကို မပြောင်းရွှေ့တာဖြစ်ကြောင်း သုံးသပ်ချက်များကို ၎င်းက ငြင်းဆန်ခဲ့ပါတယ်။

ဖာနန်ဒက်စ်(၃၁ နှစ်)ဟာ အယ်လ်ဟီလာ၊ အယ်လ်အစ်တီဟတ်အသင်းတွေက ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်တယ်။”ကမ္ဘာ့ဖလားကြောင့် ဆော်ဒီအာရေဗျကို ပြောင်းရွှေ့မယ့်တံခါးကို မပိတ်ပါဘူး။ ဘာမှကို စိတ်ထဲမရှိတာပါ။ ကလပ်မှာပဲ ဆက်နေချင်ခဲ့တယ်။ ကလပ်ကလည်း ကျွန်တော့်ကို ဆက်နေစေချင်တယ်။ ဒါပါပဲ”လို့ ဖာနန်ဒက်စ်က ပြောခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။၎င်းက ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးဟာ သူ့အိပ်မက်သာမဟုတ်ဘဲ ပေါ်တူဂီပြည်သူတစ်ရပ်လုံးရဲ့အိပ်မက်လို့ ပြောကြားခဲ့ပါတယ်။

crd, eleven

Photos: Man Utd

Leave a Reply

Your email address will not be published. Required fields are marked *