ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ် -ကျောက်မဲ ရထားလမ်းပိုင်း ပြေးဆွဲနိုင်ရေးဆောင်ရွက်လျက်ရှိ

မန္တလေး-လားရှိုးရထားလမ်းပိုင်းရှိ ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ်-ကျောက်မဲ ရထားလမ်းပိုင်းအား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ၏မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ဂုတ်ထိပ်-နောင်ပိန်ကြား ဂုတ်ထိပ်တံတားတိုင်အမှတ်(၁၆)နှင့် ကမ်းကပ်ခုံအမှတ်(၂)အကြား ထိခိုက်ပျက်စီးမှုအား ရှေးမူလပုံစံပါအတိုင်း သံဘောင်အသစ် အစားထိုးပြင်ဆင်ဆောင်ရွက်လျက်ရှိ။

ပျက်စီးခဲ့သည့် သံဘောင်အဟောင်းအား ဖယ်ရှားရှင်းလင်း၍ ယာယီအဖြစ် Way Beam သံဘောင်များထည့်သွင်းပြီး သံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပျက်စီးခဲ့သည့် သံဘောင်နှင့် ပုံစံတူသံဘောင်သစ်အား ပြန်လည်ထုတ်
လုပ်လျက်ရှိ။

လမ်းပိုင်းတစ်လျှောက် တောချုံခုတ်ခြင်းနှင့် လမ်းပိုင်းများ ပြုပြင်ခြင်း၊ ထုံးဖို-ပြင်ဦးလွင်-နောင်ချို ဂုတ်ထိပ်-ကျောက်မဲရထားလမ်းပိုင်းပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းနှင့် ရထားလမ်းတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့်မိုင်းများ ရှင်းလင်းခဲ့ရ။

ရထားသံလမ်းအစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများအား သောင်းကျန်းသူများက ဖျက်ဆီးခဲ့မှုများအနေဖြင့် သံလမ်းဆက်
ပြား ၃၈၃၂ ပြား၊ မူလီ ၁၇၁၈၈ လုံး၊ သံလမ်းထိန်းကလစ် ၁၆၃၁၁၅ ချောင်းတို့အား အကြမ်းဖက်သောင်းကျန်းသူများက ခိုးယူသွားမှုနှင့် အချိန်မီအစားထိုးတပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရထားလမ်းပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိ။

crd***News

JBT

Leave a Reply

Your email address will not be published. Required fields are marked *