လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဆွန်ဆိုင် စီဖန်ဒွန်နှင့် ဝန်ကြီးချုပ်ရုံးအစည်း အဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။ ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည်လာအိုဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိကြရာ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များကရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံဝန်ကြီး ချုပ်တို့သည်…