(ပြည်ပ ထူးခြားသတင်းများ)
-ဘင်္ဂလာဒက် ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ယူနွတ် သည် ယ္ခုအပါတ်အတွင်း တရုတ်သွားမည် ဖြစ်သည်။
-ဗြိတိန်က မြန်မာသူပုန်အုပ်စုများကို လူသားခြင်းစာနာမှု့ ခေါင်းစဥ်ဖြင့် ထောက်ပံ့ငွေအား ပေါင် ၄၄ သန်း မှ ပေါင် ၆၆ သန်းအထိတိုးမြှင့်ခဲ့သည် ။
-ဘင်္ဂလီဒုက္ခသည်များအရေး AA သူပုန်နှင့်ဆွေးနွေးရန် လို က ဆွေးနွေးသွားမည်ဟု ကုလအတွင်းရေးမှုး ဂူတာရက် က ၎င်း၏ ခရီးစဥ်အပြီးတွင် ဆိုခဲ့သည် ။
-၂၀၂၆ ကမ္ဘာ့ဖလားမှ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ဒဏ်ရာပြသနာကြောင့် နုတ်ထွက်ခဲ့သည် ။
(ပြည်တွင်း ထူးခြားသတင်းများ)
-ပုသိမ်မြို့မရဲစခန်းတွင်းသို့ ကပ်ကြေး နှစ်လက်ကိုင်၍ ဝင်ရောက်တိုက်ခိုက်သူကြောင့် ရဲစခန်းမှုးအပါအဝင် ၄ ယောက်ဒဏ်ရာရပြီး တိုက်ခိုက်သူကို ပစ်ခတ်ဖမ်းဆီးမိသည် ။
-ဖမ်းမိထားသော တပ်သား ၇၂ ယောက်အား မတ် ၂၀ ရက်နေ့တွင် ပြန်လွတ်ပေးမည်ဟု ချင်းသူပုန် CNF က ထုတ်ပြန်သည် ။
-မိုးကုတ်တွင် လုပ်ဆောင်လိုသောလုပ်ငန်းတိုင်း လိုင်စင်လာတင်ရန် ပလောင်သူပုန်အုပ်ချုပ်ရေးအဖွဲ့ကကြေငြာသည် ။
-ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် မြန်မာဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဦးဆောင်ပြီး နိုင်ငံရေးပါတီများနှင့် ဖဒရယ်အရေးဆွေးနွေးခဲ့ကြောင်း သိရသည် ။
-သာကေတတွင် လင်းလက်ရွှေစင် ရွှေဆိုင်ပိုင်ရှင် ဒေါ် စန္ဒာလင်း ဆိုင်ဖွင့်ရန် ရွှေထုတ်နှင့်အတူလာစဥ် လူ ၄ ဦးက ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားသည် ။
-AA ထောက်ပို့ ကျော်စိုးလင်း နှင့် သီတာမြင့် ( ဖမ်းမမိ ) တို့ပိုင်သော ရွှေကောင်းသာ စက်လှေ နှင့်အတူ ဝ နယ် ပန်ဆန်း မှ သယ် ၍ မလေးရှားပို့မည့် ငွေကျပ် ၉၆ ဘီလျံ တန် အိုက်စ် ၃ တန်ကျော် ၊ ကတ်တမင်း ကီလို ၂၀၀ ၊ လူ ၉ ဦး ၊ မာဆီဒီး ၊ လင်ခရူဇာ ၊ ဖိုဒ့် ကားများနှင့်အတူ တောင်ဒဂုံ ဂိုဒေါင်တစ်ခု၌ ဖမ်းမိသည် ။
-ဗန်းမော်တွင် ဗုံးကြဲမှု့ KIA တို့အသေအပျောက်များလျှက်ရှိသည် ။
-KNU ဌာနချုပ် ဂျော်နီ အိမ်အနီး ကာမီကာဇေ ဒရုန်း ၃ စင်းဖြင့်တိုက်ခိုက်ရာ ဂျော်နီ လွတ်သွားသည် ။
-စဥ့်ကူး လက်ပန်လှ ၃ ကြိမ်မြောက် ဗုံးဆက်ကြဲရာ PDF များထပ်မံသေဆုံးခဲ့ကြောင်း သိရသည် ။
-ရပ်ဆိုင်းထားသော ပြည်ပထွက်အလုပ်လုပ်ခွင့် OWIC ကဒ်များ မတ် ၂၀ မှ စ၍ ပြန်ပေးမည်ဟု အလုပ်သမား ဝန်ကြီးဌာနက ပြောသည် ။
-မြန်မာတပြည်လုံး တက္ကသိုလ်ဖြေရန် ဖောင်တင်သူ ၂၂၀၈၄၃ အနက် ၂၀၈၈၈၉ လာဖြေပြီး ပျက်ကွက် ၁၁၉၅၄ ရှိခဲ့သည် ။
ပြည်ထောင်စုနယ်မြေ နေပြည်တော်
မနေ့ကဖမ်းမိသော လက်နက် ၁၆ လက်နှင့်ဆက်စပ်သူ တပ်ကုန်းမြို့ပေါ် အနော်မာ ကိုယ်ပိုင်စာသင်ဝိုင်း ပိုင်ရှင် စိုးမင်းသူ ( NLD အမာခံ ) နှင့် သီပေါမှလာရောက်နေထိုင်သူ သားအမိ နှစ်ဦး ၊ ပေါင်း ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။