မတ်လ ၁၈ ရက် အင်္ဂါနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ-

-ထိုင်းရောက် တရုတ်ပန်းသေးမွတ်ဆလင် ဝီဂါ ၄၀ ပြန်ပို့ခဲ့၍ အမေရိကန်က ထိုင်းဝန်ကြီးချုပ် ပေထုံတန် အပါအဝင် ၊ ကာကွယ်ရေးဝန်ကြီး ၊ နိုင်ငံခြားရေးဝန်ကြီး ၊ ရဲချုပ် ၊ ဒုရဲချုပ် များကို ပြည်ဝင်ခွင့်ပိတ်လိုက်သည် ။

-VOA/RFA အမြဲတမ်းဝန်ထမ်းအားလုံးခွင့်ပေးလိုက်ပြီး အင်္ဂလိတ်ဘာသာမဟုတ်သော ၄၉ နိုင်ငံ၏ ကန်ထရိုက်ဖြင့်သတင်းကြေငြာသူများ အလုပ်ထုတ်ခံရသဖြင့် ဥရောပအခြေစိုက် BBC/DVB သတင်းဌာနများသာကျန်ရှိသည် ။

-ဂျပန် ထုတ် TOKI ပိန်ဆေးသည် လူကိုအန္တရာယ်ဖြစ်စေသောဓါတုဆေးများ ပါဝင်ကြောင်းစစ်ဆေးတွေ့ရှိပြီးနောက် ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ online မှတဆင့် မြန်မာ၊ထိုင်း၊ဗီယက်နမ်၊အိုမန်၊ဒူဘိုင်း နိုင်ငံများသို့ဖြန့်ချီနေမှု့အား ဂျပန်အစိုးရက အရေးယူခဲ့သည် ၊ အဆိုပါ ပိန်ဆေးရောင်းချမှု့အတွင်း ဂျပန် ရောက်မြန်မာ ဆယ်လီ ရွှေဖြိုးငယ် အမြတ်အစွန်းများရခဲ့သည် ။

-ထရန့် နှင့် ပူတင် ယ္ခုအပါတ်အတွင်း တွေ့ဆုံရန်ရှိပြီး နေရာမရွေးရသေးပါ ။

-တောင်ကိုးရီးယား PDF ထောက်ပို့ ဆယ်လီ ဇွန်နီလာဌေး က တော်လှန်ရေးရန်ပုံငွေအတွက် ဒယ်အိုး ဆရာတော်က သိန်း ၅၀ လှူဒါန်းခဲ့ကြောင်း နှင့် မယုံလျှင် ဆရာတော်၏ အကောင့်ကိုစစ်ကြည့်ရန် Live လွှင့် ပြောကြားခဲ့သည် ။

ပြည်တွင်း ထူးခြားသတင်းများ-

-ဖလမ်းတွင် ခံစစ်ဆင်နေသော ခလရ ၂၆၈ အား လာတိုက်သည့် ချင်းသူပုန်တပ်မဟာမှူး ဆလိုင်းကျော်ကေစီ ဆိုသူ အပါအဝင် သူပုန်အများအပြား သေဆုံးခဲ့ကြောင်း သိရသည် ။

-AA ဖမ်းထားသော ဘင်္ဂလီ ငါးဖမ်းသမား ၂၆ ယောက်ပြန်လွတ်လာသည်ဟု နယ်ခြားစောင့်ရဲမှူး အာချီကာရာမန် က ပြောသည် ။

-ဘော်ဆိုင်း တွင် သတ္တုတူးနေသော တရားမဝင် တရုတ် ၇ ယောက် အဖမ်းခံရသည် ။

-မိုးကုတ် ၊ ကွပ်ခိုင် ၊ နမ့်ခမ်း တို့တွင် အသက် ၁၈ နှင့် ၄၅ ကြား ကျား/မ အားလုံးစစ်သင်တန်းပေးပြီး မြို့စောင့်တပ်လုပ်ရမည်ဟု ပလောင်သူပုန်ပြောခွင့်ရ လွေးယေဦး ကပြောဆိုကြောင်း သိရသည်။

-မြဝတီမှ မနေ့က ကျားဖြန့် ပြန်လွှဲနေရာ အင်ဒို ၄၀၀ ၊ သီရိလင်္ကာ ၁၄ ပေါင်း ၄၁၄ ဦးဖြစ်ပြီး ယနေ့ မတ် ၁၈ တွင် ထိုင်ဝမ် ၁၂ ၊ ဘင်္ဂလားဒက် ၁၉ ၊ အင်ဒို ၁၆၅ ၊ ဂျပန် ၁ တို့ ဆက်လွှဲမည်ဖြစ်သည် ။

-နောင်ချိုဗုံးကြဲမှုတွင် အကြမ်းဖက် ပလောင်သူပုန် ၁၇ ယောက်သေဆုံးခဲ့ကြောင်း သိရသည် ။

-နွေရာသီဖြစ်၍ မနေ့က ပုသိမ်မြို့ပေါ် ရာမညလမ်း မီး အိမ် ၆ လုံး ၊ တောင်ကြီးမြို့ပေါ် ရတနာသီရိရပ်ကွက် မီး အိမ် ၄ လုံး ၊ ညောင်ရွှေ ဟော်ကုန်း မီး အိမ် ၁ လုံးနှင်ထရန်စဖော်မာတခု မီးထဲပါသွားကြောင်း သိရသည် ။

ပြည်ထောင်စုနယ်မြေ နေပြည်တော် –

-ယမန်နေ့က ဇေယျာသီရိမြို့နယ် ကင်းသာ စစ်ဆေးရေးဂိတ်တွင် ဆနွင်းတက်များဖုံး၍သယ်လာသော မောင်းပြန်သေနတ်မျိုးစုံ ၁၆ လက် ၊ လက်ပစ်ဗုံး ၃ လုံး ၊ကျည်မျိုးစုံ ၁၆၈၀ တောင့် နှင့် စကားပြောစက် ၃ လုံး ၊ လူ ၂ ယောက် ၊ လိုက်ထရပ် တစ်စီး ဖမ်းမိပြီး ဆက်စပ်တရားခံအချို့ ဆက်မိနေကာ ဆက်လက်ဖော်ထုတ်ဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *