မျက်ခုံးလှုပ်လာရပြီဖြစ်တဲ့ ပြည်ဖျက်မီဒီယာ VOAနဲ့ RFA

VOA နှင့် RFA သတင်းဌာနတို့၏ မိခင်အေဂျင်စီဖြစ်သည့် United States Agency for Global Media(USAGM) အပါအဝင် အစိုးရဌာန ၇ ခုကို မလိုအပ်သည့်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ လုပ်ငန်းများကို အဆုံးစွန်ဆုံးအထိ လျှော့ချပြီး ဝန်ထမ်းတွေကိုလည်း အနည်းဆုံးထားရန် ညွှန်ကြားထားသော သမ္မတ Donald Trump ၏ သမ္မတအမိန့်တစ်ရပ်ကို အိမ်ဖြူတော်က မတ်လ ၁၄ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ဥပဒေအရ လိုအပ်သည်ဟု ပြဌာန်းထားသည့်ဌာနများရှိ လုပ်ငန်းနှင့် ဝန်ထမ်းများကို နည်းနိုင်သမျှ အနည်းဆုံးအထိ လျှော့ချရန်နှင့် ဥပဒေအရ လိုအပ်ချက်အဖြစ် ပြဌာန်းမထားသော လုပ်ငန်းများကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့ဖြစ်သဖြင့် USAGM လက်အောက်ရှိ ဝါရှင်တန်အခြေစိုက် အမေရိကန်အသံ(VOA)နှင့် လွတ်လပ်တဲ့အာရှအသံ(RFA) သတင်းဌာနတို့တွင် လုပ်ငန်းလည်ပတ်ရန် အဟန့်တားများဖြစ်ပေါ်စေခဲ့သည်ဟု သိရပြီးလက်ရှိတွင် VOA က ၎င်းတို့ပုံမှန်တင်ဆက်နေကျဖြစ်သော ဗွီအိုအေ မြန်မာပိုင်း၏ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဥ်များကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလမှာ ပြန်လည်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အလားတူ ဗွီအိုအေ မြန်မာပိုင်းတွင် အချိန်ပြည့် အစိုးရ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူများထံသို့ အလုပ်မှ ချက်ခြင်းခွင့်ပေးကာ ရုံးသို့လာရောက်စရာမလိုသည့် ညွှန်ကြားချက် အီးမေးလ်များ ဝင်ရောက်ခဲ့သည်ဟုသိရပြီး ယင်းညွှန်ကြားချက်အရ ရုံးထဲတွင် ရှိနှင့်နေသူအနက် အီးမေးလ်လက်ခံရရှိသူ ဝန်ထမ်းများအနေဖြင့် ရုံးမှ ထွက်ခွာပေးရမည်ဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။အဆိုပါ သမ္မတ Trump ၏ အမိန့်အရ USAGM အပြင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုနှင့် အလုပ်သမားရေး ဖြေရှင်းဆောင်ရွက်ပေးရေးဌာနဖြစ်သည့် Federal Mediation and Conciliation Service, အိုးမဲ့အိမ်မဲ့အများအတွက်ဌာန US Interagency Council on Homelessness, လူနည်းစုပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဌာန The minority Business Development Agency၊ ပြတိုက်နှင့်စာကြည့်တိုက်များဌာန၊ Woodrow Wilson International Center၊ ပညာရှင်နှင့်သုတေသနဌာန စသည့် ပြည်ထောင်စုအစိုးရဌာနများသည်လည်း လုပ်ငန်းနှင့် ဝန်ထမ်းများ လျှော့ချရမည့်အထဲတွင် ပါဝင်ခဲ့သည်ဟုဆိုသည်။

ယင်းဌာနများ၏ အကြီးအကဲများအနေဖြင့် လျှော့ချမှုများ မည်သို့လုပ်ဆောင်မည်ဆိုသည်ကို ၇ ရက်အတွင်း လိုက်နာဆောင်ရွက်ကြောင်း အစီရင်ခံစာကို အစိုးရလုပ်ငန်းများ စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ရုံး ညွှန်ကြားရေးမှုးဆီသို့ ပေးပို့ရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *