မတ်လ ၁၆ ရက် (ယနေ့) မနက်ပိုင်းက တောင်ခမ်းဒေသအတွင်း ရန်သူလှုပ်ရှားမှုအား ကင်းထောက်တွေ့ရှိပြီး စစ်ကြောင်းဖြင့် သွားရောက်ရှင်းလင်းရာ အကြမ်းဖက် TNLA ၁၀ ဦးခန့်ဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -(၁) Type 82 သေနတ် ၁ လက်(၂) ကျည်အိမ် ၂ ခု၊ ကျည် ၇၃၃ တောင့်(၃) RPG ဒုံးသီး ၅ တောင့်၊ ပို့ကျည် ၃ တောင့်(၄) တရုတ်လက်ပစ်ဗုံး ၂ လုံး၊ ဝါးညှပ်မိုင်း ၂ လုံး(၅) ဒီတိုနေတာ ၁၀ ချောင်း(၆) အိုင်ကွန် ၃ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
