ပျဉ်းမနားအကြမ်းဖက် PDF တစ်ဦးဖြစ်တဲ့ ကိုစိုင်း(ခ)ဝင်းလှိုင်ကိုကယန်းပြည်သစ်တပ်မတော်က ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာကြောင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက် နေ့လယ် ၁ နာရီတွင် ပျဉ်းမနား PDF စစ်ကြောင်းမှူးဆိုသူ ရဲဘော်ကိုစိုင်းအား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆) မြို့နယ် ဒုတပ်မဟာမှူးဖိုးခွားမှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး အကြမ်းဖက် PDF ကိုစိုင်း၏ရုပ်အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားသော ဒဏ်ရာများစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

