နိုင်ငံတကာ ထူးခြားသတင်းများ-ပါကစ္စတန်နိုင်ငံ ဘလူချီစတန်တောင်ပေါ်ဒေသ လှိုင်ခေါင်းအတွင်းဖြတ်သန်းသွားသော ရထားအား စစ်သွေးကြွများကအပိုင်စီးထားမှု့ ၊ ပါကစ္စတန်အထူးတပ်ဖွဲ့မှတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၃၀ သေဆုံးပြီး ခရီးသည် ၁၉၀ ကိုကယ်ထုတ်နိုင်ခဲ့သည် ။
ဆီးရီးယားအနောက်ပိုင်း ပင်လယ်ကမ်းခြေရှိ သမ္မတဟောင်းအာဆတ် ၏ ဇာတိ အာလာဝပ် လူမျိုးစုများ၏ကျေးရွာများကို လက်ရှိအစိုးရထောက်ခံသော လက်နက်ကိုင်များက မိသားစုလိုက် သတ်ဖြတ်မှု့များ ကျူးလွန်ခဲ့ရာ မိန်းမ နှင့် ကလေး များအပါအဝင် လူ ၁၀၀၀ ကျော်သေဆုံးသည် ။
ပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းပြီး ပြည်နယ်အစိုးရများကသာ ပညာရေးကို တာဝန်ယူရန် ထရန့် ၏ ပထမအစီအစဥ်အဖြစ် မနေ့က ဝန်ထမ်း ၄၁၀၀ ရှိသော ဝန်ကြီးဌာန မှ ဝန်ထမ်း ၁၃၀၀ ကိုအလုပ်ထုတ်လိုက်သည် ။အမေရိကန်က သံမဏိနှင့် အလှူမီနီယံ သွင်းကုန်များကို ၂၅ % အခွန်တိုးကောက်လိုက်၍ အာဂျင်တီးနား ၊သြစတေးလျ ၊ဘရာဇီး ၊ ကနေဒါ ၊ ဗြိတိန် ၊ ဂျပန် ၊ တောင်ကိုးရီးယား နှင့် EU တို့ အထိနာခဲ့သည် ။
ရုရှားဒုံးကျည်ထိ၍ အိုဒက်ဆာ ဆိပ်ကမ်းတွင် ဂျုံတင်နေသော သဘေင်္ာ ပျက်ဆီးခဲ့ပြီး ဇာလမ်းစကီး၏ဇာတိမြို့ လည်း ဒုံးကျည်ကျ ၍ လူသေဆုံးများရှိခဲ့သည် ။ရက် ၃၀ အပစ်ရပ်ရန် အမေရိကန်အဆိုပြုချက်ကို ယူကရိမ်း က လက္ခံလိုက်သဖြင့် ထောက်လှမ်းရေးအချက်အလက်မျှဝေမှု့ကို ပြန်ပေးမည်ဟု ဆိုသည် ။
ဒုက္ခသည် ကလေး ၇၀၀၀ အဟာရချို့တဲ့နေကြောင်း ယူနီဆက်တာဝန်ခံပြောကြားပြီးနောက် ကုလ အတွင်းရေးမှုးချုပ် ဂူတာရက် ဘင်္ဂလားဒက် ရှိ ဒုက္ခသည်စခန်း သို့ မတ် လ ၁၃ ရက်နေ့ရောက်မည် ။နျူးကလီးယားအရေး အမေရိကန် ကမ်းလှမ်းချက်ကို အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီက ပါယ်ချလိုက်သည်။ရုရှားကိုတုန့်ပြန်ရန် ပြင်သစ်၏စစ်ရေးဆောင်ရွက်ချက်များနှင့်ပါတ်သက်ပြီး နပိုလီယံ သည် ရုရှားနယ်မြေတွင်ဘယ်လိုကျရှုံးမှု့တွေကြုံခဲ့ရကြောင်း သတိရသင့်သည်ဟု ပူတင် က ဆိုလိုက်သည် ။
မနေ့က တရုပ် – အီရန် – ရုရှား ရေတပ်များ ပင်လယ်ရေကြောင်းခါးပါတ်လမ်းလုံခြုံရေးအမည်ဖြင့် ပူးတွဲလေ့ကျင့်မှု့ကို ပါရှန်ပင်လယ်ကွေ့အနီးရှိ အရေးပါသော ဟော်မုတ်စ် ရေလက်ကြား၌ ပြုလုပ်ခဲ့ရာ ကျည်စစ်ကျည်မှန်များ သုံးခဲ့သည် ။
ပြည်တွင်း ထူးခြားသတင်းများ
-အိန္ဒိယ လွှတ်တော်တွင်း ကဘော်ချိုင့်ဝှမ်းအကြောင်း ဆွေးနွေးမှု့အတွက် လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆိုသည် ။KIA ဌာနချုပ် လိုင်ဇာ အား ည ၁း၃၀ အချိန် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး လူအသေအပျောက် မသိရသေးပေ ။ထိုင်းရောက် မြန်မာလုပ်သားများ ၄၅ ရက်ကြာ ဆုန်ခရမ် သင်္ကြန် ကာလတွင် အလွတ် ခွင့်ပြန်နိုင်ပြီး re – entry တုံးထုရန်မလိုကြောင်း သိရသည် ။
တိန့်ရှီကျွမ်းလာရောက်စဥ် မြန်မာ့ရွေးကောက်ပွဲအားထောက်ခံခြင်း နှင့် MNDAA နှင့် သဘောတူခဲ့သလို AA , TNLA နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများ ပါဝင်ကြောင်း သိရသည် ။
ဘုရားသုံးဆူ အနီးတွင် မြန်မာဘက်ပို့မည် စတားလင့် ဂြိုလ်တု စလောင်း ၂၁ ခု ကို မြန်မာတစ်ဦးနှင့်အတူ ထိုင်းရဲကဖမ်းမိသည် ။ပြင်သစ် လေယာဥ်တင်သင်္ဘောတစ်စီးသည် မ လက္ကာရေလက်ကြားကိုဖြတ်၍ ဘင်္ဂလားပင်လယ်ဘက်သို့ ဖြတ်သန်းခုတ်မောင်းခဲ့သည်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် တိုက်ပွဲတွင် PDF ၁၁ လောင်းနှင့် သေနတ် ၈ လက် ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။