ရန်သူ့စခန်းနေရာ ၂ ခု သိမ်းပိုက်ရရှိ

မတ်လ ၁၂ ရက် နေ့လည်ပိုင်းအချိန်က နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသအတွင်းရှိ အကြမ်းဖက် TNLA စခန်း ၂ ခုအား Surveillance Drone ဖြင့် ကင်းထောက်၍ ကွန်မန်ဒိုစစ်ကြောင်း ၂ ခု က တချိန်တည်းတပြိုင်တည်း ဝင်ရောက်တိုက်ခိုက် စီးနင်းခဲ့ရာ ရန်သူမှာ အငိုက်မိ၍ အနည်းငယ်သာ ခုခံတိုက်ခိုက်နိုင်ပြီး အလောင်း/လက်နက်များအား ဆိုင်ကယ်များဖြင့်ဆွဲယူ ထွက်ပြေးသွားခဲ့။ စစ်ကြောင်းများမှာ ဆုတ်ခွာရန်သူနောက်သို့ ထပ်ကြပ်လိုက်လံချေမှုန်းလျက်ရှိပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှု မရှိ၊ ရန်သူ့ထံမှ –
(၁) (ပ) TNLA ခံစစ်စခန်းမှ
  – Type-81 သေနတ် ၁ လက်
  – ကျည်အိမ်များ၊ ကျည် ၈၅၀ တောင့်
  – မိုင်းမျိုးစုံ ၉ လုံး
  – RPG ဒုံးသီး ၁ လုံး
  – သဲအိတ်ဘန်ကာ ၁၀ လုံး
  – မြေခွေးကျင်း ၈ ကျင်း
  – ဆသရမြောင်း ၂၅၀ မီတာခန့်
(၂) (ဒု) TNLA ခံစစ်စခန်းမှ
  – ကျည်အိမ် ၈ ခု၊ ကျည် ၉၃၀ တောင့်
  – အီနာဂါ ၃ လုံး၊ လက်ပစ်ဗုံး ၄ လုံး
  – သဲအိတ်ဘန်ကာ ၁၁ လုံး
  – ပစ်ကျင်း ၉ ကျင်း
  – ဆသရမြောင်း ၁၅၀ မီတာခန့်
  – မှန်ပြောင်း ၁ လက်
တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။ (အလောင်းများလည်း ရရှိထားပါသည် .. လုပ်ကိုင်ဆဲမို့ ထပ်မံဖော်ပြပေးပါမည်)
Congratulations ပါ တောင်ခမ်းမှ တပ်မတော်သားများ။ 🏆🏆🏆

Leave a Reply

Your email address will not be published. Required fields are marked *