ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်လာသော လေပွေလှိုင်းကြောင့် ပြည်နယ်တိုင်းအချို့ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပါတယ်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်လာသော ပေ ၃၀၀၀ မှ ၅၀၀၀ အမြင့်က လေပွေလှိုင်း(Low Pressure Cell – မုန်တိုင်း/လေဖိအားနည်းရပ်ဝန်း မဟုတ်ပါ)ကြောင့် အနောက်တောင်ဘက်က မိုးတိမ်များ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတွေအထိ ဝင်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုသည်။
အရှေ့မြောက်မုတ်သုံလေအားကောင်းနေတာကြောင့် ထိုင်းပင်လယ်ကွေ့မှတစ်ဆင့် အရှေ့ဘက်မှဝင်လာတဲ့ မိုးတိမ်တွေဝင်လာခြင်းတို့ကြောင့် ဒီရက်ပိုင်းတွင် မိုးရွာနိုင်ခြေ ဆက်လက်ဖြစ်ပေါ်နေနိုင်သည်ဟု သိရသည်။ မိုးရေချိန် မများနိုင်သော်လည်း ခေတ္တခဏမိုးသည်းထန်တာမျိုး ဖြစ်နိုင်ကြောင်း သိရသည်။
လာနီညာဖြစ်နေဆဲကာလအတွင်း အီကွေတာတလျှောက်တွင် ယခုလို လေထုမငြိမ်မသက် ဖြစ်တာတွေလဲ မတ်လကုန်အထိ ဆက်လက်ဖြစ်နေနိုင်မည်ဖြစ်သည်။