မာဝီရဲ့ ကယားအကြမ်းဖက်တွေ အသေအပျောက်များပြီး ပြန်ထွက်ပြေး

ဘော်လခဲမြို့ကို အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်ဖို့ ချည်းကပ်လာတဲ့ မာဝီရဲ့ ကယား KNDF နဲ့ ကယား လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူတွေဟာ ရေထွက်တပ်စခန်းကို ဒီနေ့မနက်ပိုင်းမှာ အင်အား၂၀၀ ကျော်နဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရွပ်ရွပ်ချွံချွံ တန်ပြန်တိုက်ခိုက်မှုနဲ့အတူ အချိန်နဲ့ တစ်ပြေးညီ ထိရောက်တဲ့ လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူပေးမှုတွေကြောင့် အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့ လက်နက်ကိုတောင် မသယ်နိုင်ဘဲ ထိခိုက်ကျဆုံးမှုများစွာနဲ့ ဝရုန်းသုန်းကား ဆုတ်ခွာ ထွက်ပြေးသွားခဲ့ရပါတယ်။

အကြမ်းဖက်သမားတွေ ဆုတ်ခွာထွက်ပြေးတဲ့ လမ်းကြောင်းတစ်လျှောက်နဲ့ သူတို့ခိုအောင်းနိုင်တဲ့ နေရာတွေကို လေကြောင်းကဗုံးကြဲတိုက်ခိုက်ခြင်း၊ Droneများဖြင့် Drop Bomb ချ တိုက်ခိုက်ခြင်းတွေ ဆက်တိုက်ဆောင်ရွက်ခဲ့ပြီး နယ်မြေရှင်းလင်းတဲ့အခါ အကြမ်းဖက်သမားတွေ ကျန်ရှိခဲ့တဲ့ လက်နက်နှင့် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကယားပြည်နယ် ဘော်လခဲမြို့ဟာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုအန္တရာယ်က ကင်းလွတ်ပြီး လုံခြုံမှုရှိတဲ့ အတွက် ဒေသခံတိုင်းရင်းသားပြည်သူအများ အေးချမ်းစွာလာရောက်ခိုလှုံ နေထိုင်လျက်ရှိတဲ့အတွက်ကြောင့် ပြည်သူလူထုကို အပြည့်အဝကာကွယ်ပေးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *