မိမိအိမ်ထဲနေ‌နေသည့် အမျိုးသမီး ကားတိုက်ခံရ၍ ဆေးရုံရောက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၀၈) ရပ်ကွက်၊ ကုန်းဘောင်ပတ်လမ်းရှိ နေအိမ်ကို အိမ်စီးယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တို-က်မိရာ နေအိမ်ထဲရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများထံမှ သိရသည်။  

ဖေဖော်ဝါရီ (၁၆)ရက်၊ နံနက် (၁၁)နာရီအချိန်ခန့်က အရှေ့ဒဂုံမြို့နယ်၊ ကုန်းဘောင်ပတ်လမ်းရှိ နေအိမ် တစ်အိမ်ကို အိမ်စီးကားမှ ဝင်ရောက်တို-က်မိပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းပေးပို့ချက်အရ YRO အဖွဲ့ဝင် ဦးချက်၊ အဖြူရောင်ပရဟိတအသင်းမှ စေတနာ့ဝန်ထမ်းများမှ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း တွေ့ရှိရသဖြင့် အဆိုပါထိခိုက်ဒဏ်ရာရသူအား လိုအပ်သည့် ဆေးကုသမှုများ ပြုလုပ်ပေးပြီး အဖြူရောင်ပရဟိတအသင်း၏ အရေးပေါ်လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *