မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ကို ထိခိုက်စေမည့်လုပ်ရပ်မျိုးလုပ်ဆောင်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ မြို့ရွာများအတွင် တိုက်ပွဲများဖော်ဆောင်ပြီး အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အဦများကို လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းနှင့် လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အပေါ် ထောက်ခံအားပေး မှုမရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက် ရှိသည်ကို ပြည်သူများအသိပင်ကြောင်း၊ ယခုဖြစ်စဉ်တွင်လည်းလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည်နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ ယခုကဲ့သို့ မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။