တိုင်းစစ်ဌာနချုပ်အလိုက် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများ ဇယားပေါင်းချုပ်အား ဖော်ပြလိုက်ပါတယ်။-ဖော်ပြပါ အလောင်း/လက်နက် အကျိုးအမြတ်ရရှိမှုများသည် မြေပြင်အမှန်တကယ် ဖော်ပြနိုင်သည့် အလောင်း/လက်နက် အကျိုးအမြတ်ရရှိမှုအရေအတွက်များသာဖြစ်ပြီး ရန်သူမှ ၎င်းတို့၏ အလောင်း/ လက်နက်များစွာ ပြန်ဆွဲသွားသည့် သတင်းများ၊ ကြားဖြတ်သတင်းများအရ သိရှိရသဖြင့် ရန်သူ သေဆုံး/ဒဏ်ရာရရှိမှုသည် ယခုဖော်ပြပါ စာရင်းများထက် ပိုမိုများပြားနိုင်ပါသည်။-ယခုဖော်ပြပါအလောင်း/လက်နက်အကျိုးအမြတ်ရရှိမှုများသည် ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲများတွင် KIA/PDF အကြမ်းဖက်များအား တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှု၊ Drop Bomb ချ တိုက်ခိုက်မှုများနှင့် တန်ပြန်ထိုးစစ်ဆင်မှုများကြောင့် KIA/PDF သေဆုံးမှုများသည် ယခင်ဖော်ပြချက်များထက် ပိုမိုထိခိုက် သေဆုံးကြောင်း စိစစ်တွေ့ရှိရပါသည်။ အလောင်းကောက်နည်းဗျူဟာကျင့်သုံးသော်လည်း KIA တပ်ဖွဲ့ဝင် အလောင်းများကိုသာ အဓိကသယ်ဆောင်ကာ PDF အလောင်းများအား တိုက်ပွဲအတွင်း၌သာ ထားရှိခဲ့ခြင်းများကြောင့်လည်း အလောင်း/လက်နက်ရရှိမှုများတွင် PDF တွေရဲ့ အလောင်းများ ရရှိမှုများပြား ကြောင်းကိုလည်း ဖော်ထုတ်တွေ့ရှိရပါသည်။-အလားတူ တိုက်ပွဲများအတွင်း အရှင်ဖမ်းမိသည့် ရန်သူ့သုံ့ပန်းများအား သောင်းကျန်းသူအကြမ်းဖက်များကဲ့သို့ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခြင်းမျိုးမပြုလုပ်ဘဲ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိကာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
