ဒီ Video Clip ဟာ တောင်ခမ်းဒေသ တပ်မတော်အနိုင်ရရှိတဲ့ပွဲတစ်ပွဲက သဘောကျမိတဲ့အပိုင်းတစ်ခုကို ဖြတ်ထားတာပါ။
–
၂၀၂၁ ခုနှစ် အကြမ်းဖက် EAOs တွေနဲ့ အကြမ်းဖက် PDF တို့ ပေါင်းစည်းမိကြချိန် တပ်မတော်စစ်ကြောင်း အချို့နဲ့တိုက်ပွဲတွေဖြစ်ခဲ့ကြတယ်၊ တပ်ဘက်က အကျအဆုံးတွေလည်းရှိခဲ့ကြတာပေါ့..
–
အဲဒီအချိန်တုန်းက မနေ့တနေ့ကမှ လက်နက်ကိုင်တဲ့ PDF တွေအဖို့ ကျဆုံးဗိုလ်ကြီးတစ်ယောက်ရဲ့ ဖုန်းကိုရသွားပြီး တပ်ရင်းမှူးဆီခေါ်တယ်၊ တပ်ရင်းမှူးက အေး ညီလေးပြောဆိုတာကို မင်းတို့ကောင်ကို ငါတို့သတ်လိုက်ပြီကွ ဘာတတ်နိုင်သေးလဲဆိုပြီး အုပ်စုလိုက်ဟားတိုက်လှောင်ပြောင်ကြတယ်…
–
တပ်ရင်းမှူးပြန်ပြောတာက ရှင်းရှင်းလေး.. အေး မင်းတို့လည်း မင်းတို့နိုင်ရင်လုပ်၊ ငါတို့လည်း ငါတို့နိုင်တဲ့ အချိန် မင်းတို့ကိုသတ်မှာပဲ … တဲ့။
–
EAOs တွေနဲ့ တိုက်ပွဲဖြစ်စဉ်အချို့လည်း ရှိခဲ့ဖူးတယ်၊ ကျဆုံးအကြမ်းဖက် EAOs တစ်ယောက်ရဲ့ ဖုန်းဆီကို သူ့မိသားစုဝင်တယောက်ရဲ့ ဖုန်းဝင်လာတယ် .. ခင်ဗျားတို့သားကို ကောင်းကောင်းမွန်မွန် မြေမြှုပ်သဂြိုလ် ပေးလိုက်ပါပြီ၊ ဒီဖုန်းကို နောက်ထပ်မခေါ်ပါတော့နဲ့.. တဲ့..
–
ပြောချင်တာက Ethic..
တရားဝင်တပ်မတော်နဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းတို့ရဲ့ တရားဝင်မှု Legitimacy နဲ့ ထားရှိတဲ့ ethic ချင်း ဘာကွာလဲ .. Ethic ချင်းကွာလို့ပဲ အကြမ်းဖက်တွေအဖို့ သေပြီးသူရဲ့ခေါင်းကိုဖြတ်တာတို့၊ မျက်နှာကို ကန်ကျောက်တာတို့၊ နှာခေါင်းကိုခြေမနဲ့ညှပ်တာတို့စတဲ့ လူ့မိစ္ဆာတွေရဲ့ ဗီဇစရိုက်အတိုင်း လုပ်ဆောင်ကြတယ် ..
–
တရားဝင်မှုနဲ့ Ethic ရှိမှုတို့က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ အဆင့်အတန်းကိုဖော်ပြပါတယ်။
(တိုက်မောင်း)
တရားဝင်တပ်မတော်နဲ့ အကြမ်းဖက်အဖွဲ့အစည်းဘာကွာသလဲ?
