အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယသမ္မတ သက်တမ်းမှာ အစိုးရဘက်ဂျက်တွေ လေလွှင့်မှု မရှိစေရေး ကမ္ဘာကျော် သူဌေး အီလွန်မက်စ် ဦးဆောင်တဲ့ အစိုးရစွမ်းဆောင်ရည်စိစစ်ရေးဌာန (Department of Efficiency-DOGE) ကို ဖွဲ့စည်းပြီး ပြည်ပထောက်ပံ့မှုတွေ လျှော့ချရန်အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့ ကစပြီး အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (United States Agency for International Development-USAID) ပိတ်သိမ်းခဲ့ပါတယ်။
USAID ပိတ်သိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂၀ ကျော်မှာ အမေရိကန်က လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်များအတွက် ထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာလည်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေနဲ့ ထိုင်းနိုင်ငံဘက် ကနေ မြန်မာနိုင်ငံကို သတင်းအဆိပ်တွေခပ်နေတဲ့ ကြေးစားမီဒီယာတွေ ထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဂျိုးဘိုင်ဒင်လက်ထက်က BURMA Act အရ NUG ကို ထောက်ပံ့ပေးနေတဲ့ US ဒေါ်လာ ၃၉ သန်းနဲ့ USAID က မြန်မာကျောင်းသားတွေအတွက် ပေးအပ်နေတဲ့ Diversity စကော လားရှစ် ဒေါ်လာ ၄၅ သန်းကို ပိတ်ဆို့လိုက်ပါတယ်။
အဲ့ဒီဒေါ်လာ ၄၅ သန်းကို ပိတ်ဆို့တဲ့ ထုတ်ပြန်ချက်ကို ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်သတင်းစာရှင်း လင်းပွဲမှာ ပြောကြားခဲ့ရာမှာ ဒီပိုက်ဆံတွေ ဘယ်ကိုရောက်သွားသလဲ… အမေရိကန်အခွန်ထမ်းပြည်သူ တွေရဲ့ ဘဏ္ဍာငွေကြေးတွေဟာ လူသားချင်းကူညီကယ်ဆယ်ရေးခေါင်းစဉ်အောက်ကနေ တခြားနေရာ တွေကို ရောက်ရှိနေတာ မြန်မြန် ဖော်ထုတ်ရမယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
အမေရိကန်သမ္မတရဲ့ ပြောကြားချက်ဟာ အလွန်မှန်ကန်ပြီး မြန်မာနိုင်ငံအတွက် USAID က ထောက်ပံ့တဲ့ လူသားချင်းစာနာကူညီကယ်ဆယ်ရေးခေါင်းစဉ်အောက်မှာ အမှန်တကယ်ဒုက္ခရောက်နေသူတွေဆီ မရောက်ရှိဘဲ နိုင်ငံတော်အစိုးရကို ပုန်ကန်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူတွေဆီကို ရောက်ရှိတယ်ဆိုတာ သက်သေအထောက်အထားတွေ ပေါ်ထွက်လာပါတယ်…
ပထမအထောက်အထားကတော့ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ မြောက်ဦးမြို့နယ် လေးမြို့မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာအခြေပြုနေတဲ့ အကြမ်းဖက်သောင်းကျန်းသူ AA စခန်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင် များက တိုက်ခိုက်သိမ်းပိုက်ရရှိချိန်မှာ USAID တံဆိပ်ပါ စားနပ်ရိက္ခာများ၊ ဓာတ်ဆားထုပ်များ သိမ်း ဆည်းရမိခဲ့ပါတယ်… (အပိုင်း ၂ အား ဆက်လက်ဖော်ပြပါမည်)
ခင်ညိုချော

