ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်းအချိန်တွင် သတင်းအရ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ နေအိမ် ၁ ခုအား ဝင်ရောက်စစ်ဆေးရာ တရားခံ ၂ ဦးအား ဖမ်းဆီးရမိပြီး ၎င်းတို့ထွက်ဆိုချက်များအရ -(၁) ကွင်းဆက်တရားခံ ၁၆ ဦး (ဖော်ပြပါ ၂ ဦးအပါ)(၂) Laptop ၆၁ လုံး(၃) Desktop ၃၂၉ လုံး(၄) ဖုန်း ၉၀ လုံး(၅) ကား(လိုင်စင်မဲ့) ၂ စီး(၆) ထိုင်ခုံ ၂၉၀၊ စားပွဲ ၁၆၅ လုံးတို့အား သိမ်းဆည်းရရှိခဲ့။-ဖမ်းဆီးရမိများအား ဆက်လက်စစ်ဆေးရာ ဖေ ၁၃ ရက်နေ့ ညနေ ၄ နာရီချိန်ခန့်တွင် -(၁) တရားခံ ၁၃ ဦး (ထိုင်း ၇၊ မြန်မာ ၆)(၂) Desktop ၅၀ လုံး(၃) ဖုန်းမျိုးစုံ ၃၀၀ လုံး(၄) ဘိန်းစာရွက် ၄ ကီလို(၅) ဘိန်းစာရွက်ပြုတ်ရည် ၁၀ လီတာ(၆) ချောင်းဆိုပျောက်ဆေး ၃၀ ပုလင်းတို့အား ထပ်မံသိမ်းဆည်းရရှိခဲ့။-ထို့ကြောင့် တာချီလိတ်မြို့တွင် ကျားဖြန့်တရားခံ ၂၉ ဦး၊ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရပါသည်။




