ဗန်းမော်မြို့အနီး တပ်မတော် ဒရုန်းတပ်ဖွဲ့တိုက်ခိုက်မှုတွင် KIA အထိနာလျက်ရှိ

ဗန်းမော်မြို့အနီးမှာတော့ တပ်မတော်ဒရုန်းတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ခပ်စိတ်စိတ်တွေ့လာရပါတယ်။ KIAနဲ့ PDF သောင်းကျန်းသူတွေ အထိနာလျက်ရှိနေပြီး မနေ့က Social Media ပေါ်မှာ တင်ထားတဲ့ တပ်ဘက်ကဒရုန်းနဲ့ KIA ကို တိုက် ခိုက်ခဲ့တဲ့ မြင်ကွင်းကို လူတွေအတော်လေးစိတ်ဝင်စားမှုရှိနေကြတာတွေ့ရပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်က ၂ မိနစ်ကျော် ကြာပြီး ဗန်းမော်လေယာဉ်ကွင်းအနီးက အမြောက်တပ်ကို တိုက်ခိုက်ဖို့ချဉ်းကပ်လာတဲ့ KIA နဲ့ PDF တွေကို ဒရုန်းနဲ့ကင်းထောက်ပြီး အခြား လက်နက်တပ်ထားတဲ့ ဒရုန်း ၃ စင်းလောက်နဲ့ Drop Bomb ချပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တပ်ဌာနချုပ်အနီးကို ချဉ်းကပ်လာတဲ့ ရန်သူတွေကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရပြီး တိတိကျကျထိမှန်အောင်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် တပ်မတော်ဒရုန်းတပ်ဖွဲ့ရဲ့ စွမ်းရည်ကိုတော့ အသိအမှတ်ပြုရမှာပဲဖြစ်ပါတယ်။

ဒီလိုမျိုးအဆင့်မြင့် ဒရုန်းတွေ (ကင်းထောက်+ တိုက်ခိုက်ရေး) ပိုမိုပြီးတော့ အသုံးပြုနိုင်ရင် လူအင်အားအထိအခိုက်အနည်းဆုံးနဲ့ ရန်သူကို ထိရောက်အောင် ချေမှုန်းနိုင်မှာ ပါ။

ဒါကြောင့် နိုင်ငံတကာနဲ့ ပိုမိုချိတ်ဆက်ပြီး ပိုအဆင့်မြင့်တဲ့ ဒရုန်းနဲ့ ဒရုန်းဆက်စပ်နည်းပညာတွေ ရယူပြီး ထုတ်လုပ်အသုံးပြုနိုင်ဖို့ ဒီထက် ကြိုးပမ်းသင့်
တယ်လို့ယူဆမိပါတယ်။

အောင်ရှင်း

Leave a Reply

Your email address will not be published. Required fields are marked *