အာဒိုဂန် မကျေပွဲ ပြန်လည်ထိုးမယ့် အောင်လ

လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက် ကာတာနိုင်ငံမှာ ကျင်းပမယ့် ONE-171 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ အောင်လ အန်ဆန် နဲ့ တူကီယဲနိုင်ငံသား ရှာမေးလ် အာဒိုဂန် တို့ရဲ့ မကျေပွဲပြန်လည်ထိုးသတ်သွားမယ်လို့ ထုတ်ပြန်ပါတယ်၊၊

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်က အမေရိကန်နိုင်ငံမှာကျင်းပတဲ့ ONE-168 ပြိုင်ပွဲမှာ အောင်လအန်ဆန် က အာဒိုဂန်ကို ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ထားတဲ့အတွက် ရှုံးကြွေးပြန်ဆပ်ဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။

အခုပွဲစဉ်ဟာ အောင်လအန်ဆန်အတွက် ၂၀၂၅ ခုနှစ်မှာ ပထမဆုံး ထိုးသတ်ခွင့်ရမယ့်ပွဲဖြစ်ပြီး နိုင်ပွဲရယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်၊၊

မြန်မာစပါးအုံး လို့ တင်စားခေါ်ဝေါ်ခံရတဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန် ဟာ ပရော် ဖက်ရှင်နယ် MMA ကစားသမားဘဝ ၄၅ ပွဲ ထိုးသတ်ထားပြီး ပွဲ ၃၀ နိုင်၊ ၁၄ ပွဲ ရှုံးနိမ့်ထားကာ တစ်ပွဲကိုတော့ အရှုံးအနိုင် သတ်မှတ်ထားတာ မရှိဘူးလို့ သိရပါတယ်၊၊

crd//pan

Leave a Reply

Your email address will not be published. Required fields are marked *