စစ်မှုထမ်းရတာ စိတ်ညစ်စရာလား..?

စစ်မှုထမ်းကိစ္စနဲ့ပြောရရင် အရပ်သားတစ်ယောက်အနေနဲ့ ချက်ချင်းလက်ငင်းစစ်သားလုပ်ဖို့ဆိုတာ တော်ရုံစိတ်ပြတ်သားမှုနဲ့ မလုပ်နိုင်ဘူး။

အဓိကစိတ်အကူးအပြောင်းမှာ ကြောက်စိတ်ဝင်တာ။ ဒါကလည်း စစ်တပ်အသိုင်းအဝိုင်းနဲ့ နည်းနည်းအလှမ်းကွာပြီး စိမ်းနေလို့ပါ။ ယခုဆိုရင် စစ်မှုထမ်း အပတ်စဉ် (၉) ထိရောက်ရှိသွားပြီဖြစ်သလို လက်တွေ့နယ်ပယ်တွေမှာလည်းတာဝန်ထမ်းဆောင်နေကြပါပြီ။
အရပ်သားဘဝကနေ စစ်သားတစ်ယောက်အဖြစ် ပြောင်းလဲမယ့် စိတ်အကူအပြောင်းလေးမှာ သတ္တိရှိဖို့ပဲလိုတာပါ။

စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး အနီးစပ်ဆုံးပြောရမယ်ဆိုရင် ရုရှားနိုင်ငံပေါ့။ ရုရှားမှာ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် သူတို့နိုင်ငံသားတွေဟာ စစ်မှုထမ်းဖို့ စာရင်းသွင်းတာ ၄၅၀၀၀၀ ရှိပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ရုရှားနိုင်ငံသားတွေရဲ့ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ကိုသိနိုင်ပါတယ်။ တိုင်းပြည်အတွက်လိုအပ်ရင် အသက်ပေးဖို့ဝန်မလေးတဲ့ သူတို့စိတ်ဓာတ်က လေးစားဖို့ ကောင်းတယ်။

ဒါနဲ့ဆက်စပ်ပြီး ကိုယ့်နိုင်မှာဆိုရင်လည်း နိုင်ငံသားတွေအနေနဲ့ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ပြင်းထန်နေဖို့လိုပါတယ်။ ယခုမြင်တွေ့ နေရတာတွေက ကိုယ်နိုင်ငံကိုကားကွယ်စောင့် လျောက်ရမယ့် အစား အချို့ဆိုရင် တိုင်းတစ်ပါးသားတွေနဲ့ ပေါင်းပြီး နိုင်ငံကို ပြန်ဒုက္ခပေးနေကြတယ်။ ဒါတွေကလည်း NLD လက်ထက်မှာ ရိုက်သွင်းခဲ့တဲ့ ဝါဒမှိုင်းတွေကြောင့် နိုင်ငံသားတွေရဲ့ ဇာတိသွေး တွေပျောက်ကုန်တယ်လို့ပြောရင် မလိုလို့ပုတ်ခပ်တယ်ထင် ဦးမယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာကြီးပြင်းလာတဲ့ သူတွေအတွက် ဒီနိုင်ငံပြိုကွဲမယ့်အန္တရာယ်တွေကနေ ကာကွယ်ဖို့ ဆိုရင် နိုင်ငံသားတိုင်းမှာအပြည့်အဝတာဝန်ရှိပါတယ်။

ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှု အတ္တကြီးမှုတွေကြောင့် မိခင်နိုင်ငံတော်ကြီး ပြိုကွဲမယ့်အခြေအနေကို လျစ်လျူရှု့ပြီး မနေပါနဲ့။

ဒါ့ကြောင့် နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့အတွက် ပြည်သူ့စစ်မှုထမ်းအဖြစ်စာရင်းပေး သွင်းပြီး မိမိရဲ့နိုင်ငံသားဖြစ်တည်မှုဂုဏ်ကိုမြှင့်တင်လိုက်ပါ။

ခင်ညိုချော

Leave a Reply

Your email address will not be published. Required fields are marked *