မဟာအောင်မြေမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် သတင်းအရ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(ရပ်ကွက်၊ ၆၈ လမ်း၊ ၄၀ ၄၁ လမ်းကြားရှိ ဖူရီဟွ(၃၁)နှစ် ()ဦးဖာချင်း ၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၃ ကီလို သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(ရပ်ကွက်၊ ၄၂ လမ်းနှင့် ၆၇(A) လမ်းထောင့်ရှိနေအိမ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ ဖူရှီးရံ()အားရှုန်း(၂၈)နှစ်၊ ()ဦးဖူဖာမို အားကက်တမင်း ၃ ဒသမ ၆ ကီလို၊ Happy Water ၈ ဒသမ ၆၃၅ ကီလို၊ အက်တက်စီဆေးပြား ၄၀ ပြား၊ Happy-5 ဆေးပြား ၁၅၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ ပြား၊အိုက်စ်(မက်သ်အဖက်တမင်း၅ ဂရမ်တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ မန္တလေးမြို့ပေါ်ရှိ KTV၊ BAR၊ CLUB နှင့် ENTERTAINMENT များတွင် ဖြန့်ဖြူးရောင်းချမည့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ Happy Water ၁၁ ဒသမ ၆၃၅ ကီလို၊ ကက်တမင်း ၃ ဒသမ ၆ ကီလို၊ အက်တက်စီဆေးပြား ၄၀ ပြား၊ Happy-5 ဆေးပြား ၁၅၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ ပြားနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

crd//

Leave a Reply

Your email address will not be published. Required fields are marked *