အကြမ်းဖက် PDF များ၏ မိုင်းထောင်/မိုင်းဆွဲတိုက်ခိုက်မှုများ

-ဇန်နဝါရီလ ၂၂ ရက်နေ့ ၀၇၅၀ နာရီတွင် မြိတ်မြို့မှ ပြည်ကြီးမဏ္ဍိုင်မြို့သို့ ရေခဲတုံးများ ပို့ဆောင်ရန် ယာဉ်မောင်း/ယာဉ်ပိုင်ရှင် ဦးအောင်ဇော်ဌေး(ခ)အောင်အောင်(၃၃)နှစ်၊ တောင်းရှည်ကျေးရွာ၊ မြိတ်မြို့နယ်နေသူနှင့် ယာဉ်နောက်လိုက် ဝေယံထက်(၁၆)နှစ်၊ ချောင်းလမုကျေးရွာ၊ တနင်္သာရီမြို့နယ်နေသူတို့ မောင်းနှင်လာသည့် Chang Long (အပြာရောင်)သည် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ပနပ်ငယ်ကျေးရွာ အနီး (ဒေသအခေါ်)လယ်ဦးတံတားထိပ်သို့ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် မိုင်း ၂ လုံး ပေါက်ကွဲသဖြင့် ယာဉ်အား လမ်းဘေးသို့ချ၍ ရပ်တန့်ခဲ့ရာ မိုင်း ၂ လုံး ထပ်မံပေါက်ကွဲခဲ့ရာ ယာဉ်မောင်း ဦးအောင်ဇော်ဌေး(ခ)အောင်အောင်တွင် ဦးခေါင်းမိုင်းစ ထိမှန်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်နောက်လိုက် ဝေယံထက်တွင် ဝဲရင်အုံ မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်း မိုင်းစထိမှန် ဒဏ်ရာ ၁ ချက်ရရှိခဲ့သဖြင့် တနင်္သာရီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၂ ရက်တွင် ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအုပ်စု၊ ဝကုန်းကျေးရွာနေ ဦးဝင်းအောင်(၄၉)နှစ် သည် တစ်ရွာတည်းနေ စောသာဝါးနှင့်အတူ ကျေးရွာမှ ဝကုန်းချောင်းဖျားသို့ ဥယျာဉ်ခြံ လုပ်ကိုင်ရန် ခြေလျင်သွားရောက်စဉ် PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့်နင်းမိုင်း ၁ လုံး နင်းမိပေါက်ကွဲခဲ့ရာ ဦးဝင်းအောင်တွင် ဝဲခြေကျင်းဝတ် ပြတ်ထွက်ဒဏ်ရာ၊ ယာခြေထောက်အစမှန်ဒဏ်ရာ၊ ယာလက်ဖဝါးအစမှန်ဒဏ်ရာရရှိခဲ့သဖြင့် ထားဝယ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရ။

-ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မြိတ်မြို့မှ ဘုတ်ပြင်းမြို့သို့ သွားရောက်မည့် ယာဉ်မောင်း ကိုညီ(၅၁)နှစ် မောင်းနှင်သည့် Probox(အဖြူရောင်)မော်တော်ယာဉ်နှင့် ယာဉ်မောင်း အေးနိုင်(၄၇)နှစ် မောင်းနှင်၍ ယာဉ်နောက်လိုက် ဝင်းနိုင်(၄၀)နှစ်၊ မြို့သစ် ရပ်ကွက်၊ မြိတ်မြို့နေသူလိုက်ပါလာသည့် ကုန်စုံ(စားသောက်ကုန်/ အိမ်ဆောက်ပစ္စည်း/ လူသုံးကုန်) များ တင်ဆောင်ထားသော  Nissan (အဖြူရောင်) ကုန်တင်မော်တော်ယာဉ်တို့သည် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ် ကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာကြားရှိ ဘန်းလမွတ်တံတားထိပ်သို့ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် (ဆုံးရှုံးမှုကာလတန်ဖိုး ၄၀ သိန်းကျပ်ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *