ဘင်္ဂလားဒေ့ရှ်နေပိုင်နက်ထဲမှာ AA အဖွဲဆီက မူးယစ်ဆေးဝါးမကြာခဏဝယ်ယူမှုပြုလုပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ဇန်နဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို Boder Guard Bangladesh(BGB) အဖွဲကပြောကြားခဲ့ပါတယ်။
၎င်းတိုအဖွဲထံမှ မူးယစ်ဆေး မက်သလင်း ၂ ကီလိုဂရမ်၊ စိတ်ကြွဆေး ၁၀၀၀၀ ကျော်၊ လက်ကိုင်ဖုန်း ၄ လုံးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတိုလက်ကိုင်ဖုန်းများကို စစ်ဆေးခဲ့ရာ AA အဖွဲထိန်းချုပ်ထားသည့်
နေရာမှ မူးယစ်ဆေးဝယ်ယူမှုပြုလုပ်နေသည့်အဖွဲဖြစ်ကြောင်း၊ “Delta” အမည်ဝှက်သုံးနေသည့် AA အဖွဲမှအရာရှိကြီးတစ်ဦးနှင့် ဆက်သွယ်ပြီး ဝယ်ယူခဲ့ကြောင်း၊ ယခုကဲ့သို AA ထံမှဝယ်ယူမှုများသည် အကြိမ်များစွာဝယ်ယူပြီးနောက် ယခုတစ်ကြိမ်မှာအဖမ်းခံရတာဖြစ်တယ်လို BGB အဖွဲမှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ Ashikur Rahman ကပြောကြားခဲ့ပါတယ်။
AAအဖွဲရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု တာဝန်ခံတွေကို ယခင်က ပြည်တွင်းမှာပဲဖမ်းဆီးရမိလေ့ရှိပေမယ့် ရခိုင်ပြည်နယ်မှာ AA ထိန်းချုပ်နယ်မြေတွေများလာလို ပြည်နယ်အတွင်း ဖမ်းဆီးနိုင်ခြင်းမရှိဘဲ အိမ်နီးချင်းနိုင်ငံနယ်နမိတ်အတွင်းမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
စစ်ပွဲကြောင့် ဘဏ္ဍာရေးအင်အားတောင့်ဖိုလိုအပ်နေတဲ့ AA အဖွဲက ငွေရှာရလွယ်တဲ့ တရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှုကို ပိုမိုလုပ်လာနေတာဖြစ်တယ်လို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲတွေက သုံးသပ်နေကြပါတယ်။
#Crdအောင်ရှင်း