လူမှာအရှိန်ဓါတ်ဆိုတာ ရှိကြပါတယ်တနည်းအားဖြင့် ဘုန်းရှိန် ကံရှိန်ပေါ့။ သူတစ်ပါးကိုသွားပုပ်လေလွင့်ပြောတတ်တဲ့သူဟာ ကိုယ်ရောင်ကိုယ်ဝါတွေမှေးမှိန်သွားတယ်။ သူတစ်ပါးကိုဂုဏ်သတင်းမှေးမှိန်အောင်သိက္ခာကျသွားအောင်လုပ်ချင်တဲ့စေတနာဇောတွေကြောင့်ကိုယ့်မှာလည်းကံရှိန်တွေသေးသိမ်မှေးမှိန်စေခြင်းပါ။ သူများမကောင်းကြောင်းပြောလွန်းသူဟာကိုယ်အရှိန်တွေ ဆုတ်ယုတ်နေပါတယ်။ သူများ မကောင်းကြောင်း ပြောတတ်သူတွေရဲ့ မျက်နှာ ကိုယ်အမူအရာ တွေကိုသတိထားပြီးကြည့်ကြည့်ရင်သိပ်သိသာပါတယ်။ […]