ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းအချိန်က နောင်ချိုဒေသ၊ ဂန့်ဂေါ်ရွာအနီးတွင် နေခင်းကြောင်တောင် စိတ်ကြွဆေးစားပြီး ချဉ်းကပ်လာတဲ့ အကြမ်းဖက် TNLA ၇ ဦးအား Surveillance Drone ဖြင့် ကင်းထောက်တွေ့ရှိခဲ့။ ထို့နောက် ရန်သူချဉ်းကပ်ရာလမ်းကြောင်းမှာ စောင့်ဆိုင်းပြီး ချေမှုန်းရာ ရန်သူမှာ သေနတ်များကောက်ပြီး တောထဲ ထွက်ပြေးသွားခဲ့ပြီး— ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -(၁) အကြမ်းဖက် TNLA ၂ လောင်း(၂) RPG ဗုံးသီး (ပို့ကျည်ပါ) ၅ လုံး(၃) ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံး(၄) မိုင်း ၁၁ လုံး(၅) ဒီတိုနေတာ/ကျည်အိမ်/ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ပါသည်။ -ဆုတ်ခွာရန်သူနောက်သို့ Drone များကင်းထောက်၍ မြေပြင်စစ်ကြောင်းဖြင့် ရှင်းလင်းလျက်ရှိပါသည်။ Drone ဖြင့်ချေမှုန်းမှုကြောင့် TNLA ရန်သူ ၂ ဦး ထပ်မံ သေဆုံးပြီး မြေပြင်တပ်များ ဝင်ရောက်ရှင်းလင်းဆဲဖြစ်ပါတယ်။ Drone VDO အား ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပါသည်။

