မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြိုနယ္၊ ကြည့်မြင်တိုင်(အထကခွဲ) အလယ်တန်းပြ ဆရာမ ဒေါ်အေးမြခိုင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့က Scoopy ဆိုင်ကယ် MDY/— အနက်ရောင်ဖြင့် စီးနင်းလာစဉ် တပ်ကြပ်ကျေးရွာ အိုးထုပ်တန်းတိုးဂိတ် အကျော်အရောက်တွင် အောင်ခန့်ကျော်(ခ)ဖြိုးဝင်း(ခ) ကျော်ကြီးနှင့် ခန့်ဇင်လင်းတို ဒေါ်အေးမြခိုင်အား အသက်သေဆုံးအောင် ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါပြစ်မှုကျူးလွန်မှုအား တာဝန်သိပြည်သူတစ်ဦးက ဆိုင်ကယ်စီးနင်းထွက်ပြေးသည့် ပြစ်မှုကျူးလွန်သူနှစ်ဦးအား ပတ်ဝန်းကျင်အကူအညီဖြင့် ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲထံ သတင်းပေးတိုင်ကြားခဲ့သည်။
ယင်းအမှုအား အမရပူရမြိုမရဲစခန်းက အမှုဖွင့်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ နှစ်ဦးအား အမရပူရခရိုင်သို တရားစွဲတင်ပိုစစ်ဆေးခဲ့ရာ ဇန်နဝါရီလ(၂၀)ရက်နေ့က ပြစ်မှုကျူးလွန်သူ အောင်ခန့်ကျော်(ခ)ဖြိုးဝင်း (ခ)ကျော်ကြီးနှင့် ခန့်ဇင်လင်းတို နှစ်ဦးအပေါ် သေဒဏ်အမိန့် ချမှတ်ခဲ့သည်ဟု အမရပူရခရိုင်တရားရုံးမှ သိရသည်