ဇန်နဝါရီလ ၂၁ရက်နေ့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ ပင်လောင်းတပ်နယ်၊ နောင်တရားမြို့ စန္တာခမ်းကွင်းဓမ္မာရုံတွင် ဒေသခံပြည်သူ ၂၁၀ ဦးအား ပင်လောင်းတပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲများက သွေးတိုးရောဂါ၊အထွေထွေအားနည်းရောဂါ၊ ချောင်းဆိုးရောဂါ၊ လည်ချောင်းနာ ရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်နှင့်အူလမ်း ကြောင်းရောဂါ၊ ခါးနာရောဂါ၊ ဒူးနာရောဂါ၊ ဆီးချိုရောဂါတို့အား ကုသစစ်ဆေးပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်ရှင်…


