လတ်တလော ဖြစ်နေတဲ့ ပြည်တွင်း အုံကြွမှုတွေမှာ တပ်မတော်ကို အနိုင်တိုက်မယ်လို့ အော်နေတာ ကြားနေရတော့ ရယ်ချင်မိတယ်။ ထားပါလေ။ အမှန်အတိုင်းပဲ တွေးကြည့်ရအောင်။
ရှမ်းမြောက်ကို ကြည့်မယ်နော်။ တပ်မတော်က အလုံးစုံ လက်လွှတ်လိုက်ရင် ဘာဖြစ်သွားမယ်ထင်သလဲ။ ပလောင်နဲ့ ရှမ်း စစ်ဆက်ဖြစ်မယ်။ ကိုးကန့်နဲ့ နယ်မြေလုမယ်။ ကချင်က ပါအုံးမယ်။
ရှမ်းတောင်မှာ ပအို၀်းနဲ့ ရှမ်း၊ကရင်နီ စစ်ဖြစ်ကြမယ်။ ဓနုလည်း ပါမယ်။ လက်ရှိ မဟာမိတ်ဆိုတဲ့ အဖွဲ့တွေလည်း အချင်းချင်း သတ်ကြမယ်။
ရခိုင်ပြည်နယ်ကို ကြည့်မလား။ အလယ်ပိုင်း ဒေသကို ကြည့်မလား။ ရူးတောင်သွားအုံးမယ်။ လက်ရှိ အခြေအနေထက် ၁၀ဆလောက် ပိုမို ဆိုးရွားသွားမယ်ဆိုတာ သိပါရဲ့လား။
ခင်ဗျားတို့ အားလုံး စစ်ရှောင်ဖြစ်သွားမယ်။ထမင်း စားတယ်ဆိုရင် လူလို သိရပါမယ်။သူများ ယောင်လိုယောင် အမောင် တောင်မှန်းမသိ မဖြစ်ပါစေနဲ့။
သေချာတာက စစ်တပ်မရှိရင် နိုင်ငံလည်း မရှိတော့ဘူး။ ခင်ဗျားတို့အားလုံး နိုင်ငံမဲ့ ဖြစ်သွားမယ်။ဒါပါပဲ။
မောင်ချိန်ခွင်