YBS ယာဥ်များ မီးသတ်‌​ဆေးဘူးမပါလျှင် အ‌​ရေးယူ​မည်

ရန်ကုန်မြို့အတွင်း ပြေးဆွဲ​နေသည့် YBS ယာဥ်များအနေဖြင့် မီးသတ်‌​ဆေးဘူးများ တပ်ဆင်ထားခြင်းမရှိပါက အ‌​ရေးယူ​ဆောင်ရွက်မည်ဖြစ်‌​ကြောင်းရန်ကုန်တိုင်း​ဒေသကြီးပုဂ္ဂလိကသယ်ယူပို့‌​ဆောင်‌​ရေးကြီးကြပ်မှု‌​ကော်မတီ YRTC က အသိပေးထားသည်။

အဆိုပါ YBS ယာဥ်များပေါ်၌ မီးသတ်​ဆေးဘူး​များ ထားရှိရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် ယာဥ်စည်းကမ်းထိန်းသိမ်း​ရေးအဖွဲ့​မျမှ လိုက်လံစစ်‌​ဆေးသည့်အခါ ယာဉ်ပေါ်တွင် မီးသတ်ဆေးဘူးမပါရှိပါက ချက်ချင်းဝယ်ယူတပ်ဆင်ခိုင်းခြင်း၊ ဒါဏ်ငွေရိုက်ခြင်းနှင့် မီးသတ်ဆေးဘူး တပ်ဆင်မပြီးမချင်း ယာဉ်မထွက်ခွင့်မပြုခြင်း စသည့် အရေးယူမှုများကို ဆောင်ရွက်သွားမည်ဟုဆိုသည်။

ထို့ပြင် YBS ယာဉ်များတွင် အသင့်အသုံးပြုနိုင်သော အရန်ဘီး၊ ပြုပြင်မှုတန်ဆာပလာ၊ အရေးပေါ်ထွက်ပေါက်၊မှန်ခွဲရန်တူ သို့မဟုတ် ပုဆိန်၊ ရှေးဦးသူနာပြုဆေးသေတ္တာ စသည့်အရာများ စီစဉ်ထားရှိရန်လည်းသက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

𝙈𝙃𝙏𝙉𝙀𝙒𝙎

Leave a Reply

Your email address will not be published. Required fields are marked *