ရန်သူမိတ်ဆွေမခွဲခြားတဲ့ တရုတ်နိုင်ငံရဲ့ ဒရုန်းဈေးကွက် အခြေအနေ

ရုရှားနှင့် ယူကရိန်းနိုင်ငံတို့က ပဋိပက္ခအတွင်း ကုန်ကျစရိတ်သက်သာတဲ့ ဒရုန်း သန်းပေါင်းများစွာကို တိုက်ခိုက်ရေးကဏ္ဍတွေမှာ ကင်းထောက်တဲ့လက်နက်များအဖြစ် ဖြန့်ကြက်အသုံးပြုခဲ့ကြတယ်…

အမေရိကန်နိုင်ငံဟာ ယူကရိန်းပဋိပက္ခဆိုရင် အနီးကပ်နေရာကနေပါဝင်နေပြီး လက်နက်၊ နည်းပညာအစရှိတဲ့ ထောက်ပံ့မှုတွေ ရှိခဲ့ပါတယ်..

ဒါကြောင့် အစပိုင်းမှာ ယူကရိန်းက အမေရိကန် ဆီကနေ ဒရုန်းတွေဝယ်ယူမှုရှိခဲ့ပေမယ့် ကုန်ကျစရိတ်မြင့်မားတဲ့အတွက် နောက်ပိုင်းမှာ ဈေး သက်သက်သာသာနဲ့ ဒရုန်းထုတ်လုပ်နိုင်တဲ့ နည်းလမ်းအဖြစ် တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ဒရုန်းအစိတ်အပိုင်းတွေကို ပြင်ပဈေးကွက်များက ဝယ်ယူတပ်ဆင်အသုံးပြုနေပါတယ်…

ယူကရိန်းတပ်မတော်မှာ လက်ရှိသုံးနေတဲ့ တိုက်ခိုက်ရေးဒရုန်းတစ်စီးတန်ဖိုးဟာဆိုရင် အမေရိကန် ဒေါ်လာ ၅၀၀ ခန့်သာ ကုန်ကျပါတယ်…

ယူကရိန်းအစိုးရဟာဆိုရင် တစ်နိုင်တစ်ပိုင် ဒရုန်းပြုလုပ်ဖို့ တိုက်တွန်းပေးခဲ့တဲ့အတွက် အသေးစားကုမ္ပဏီတွေ….ပုဂ္ဂလိကလုပ်ငန်းတွေကနေ တစ်ဆင့် ဈေးနှုန်းသက်သက်သာသာနဲ့ အမြောက်အမြား တီထွင်ထုတ်လုပ်လာနိုင်ခဲ့ပါတယ်…

ဒါကြောင့်ပဲ ယူကရိန်းနိုင်ငံရဲ့ ဒရုန်းအရေအတွက်ဟာ ရုရှားခြေလျင်စစ်သည် ၁ ယောက်ကို ဒရုန်း ၂ စင်းနဲ့ လိုက်လံခြေမှုန်းနိုင်တဲ့အထိ များပြားလာခဲ့ပါတယ်…

ယူကရိန်းနိုင်ငံကအသုံးပြုတဲ့ ဒရုန်းများရဲ့အစိတ်အပိုင်းတွေဟာ တရုတ်နိုင်ငံက ဈေးသက်သာတဲ့ အစိတ်အပိုင်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ မှာယူတည်ဆောက်ထားတာဖြစ်ပေမဲ့ ဒီဒရုန်းတွေမှာ ရုပ်ထွက်ကြည်လင်တဲ့ ကင်မရာတွေ…အပူအာရုံခံစနစ်သုံး ညကြည့်ကင်မရာတွေ ကိုတောင် တပ်ဆင်နိုင်တာကို တွေ့ရပါတယ်…

ပုံမှန်ဆိုရင် ယူကရိန်းတပ်ဖွဲ့တွေက စစ်မြေပြင်ကင်းထောက်ဖို့အတွက် တရုတ်နိုင်ငံ ထုတ် အမေရိကန်ဒေါ်လာ ၃,၀၀၀ တန် DJI Mavic 3 Pro ဒရုန်းကို အသုံးပြုကြပါတယ်… DJI ကုမ္ပဏီဟာဆိုရင် ၂၀၁၀ ပြည့်နှစ်ကတည်းက နှစ်စဉ် ဈေးနှုန်းသင့်တဲ့ ဒရုန်းသန်းပေါင်းများစွာကို ထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်…

တရုတ်နိုင်ငံရဲ့ ဒရုန်းနည်းပညာဟာ ကုန်ကျစရိတ်သက်သာပြီး ဒရုန်းနဲ့ ဆက်စပ် ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အားသာချက်ကြောင့် ဈေးကွက်လျင်မြန်စွာ ကျယ်ပြန့်လာနိုင်ပြီး ကြီးမားကျယ်ပြန့်တဲ့ ထောက်ပံ့ရေး ကွင်းဆက်တစ်ခု ဖြစ်လာနိုင်မယ့် အလားအလာရှိပါတယ်….

ရုရှားရဲ့မိတ်ဖက် တရုတ်နိုင်ငံရဲ့ ဒရုန်းအစိတ်အပိုင်းတွေကို ရုရှားရဲ့ရန်သူတော် ယူကရိန်းက အသုံးပြုပြီး ရုရှားကို ဒရုန်းစစ်ဆင်ရေးဆင်နွှဲနေတာကို အမေရိကန်နိုင်ငံကလည်း ခွင့်ပြုပေးထားပါတယ်….

ဒါဟာ တရုတ်အနေနဲ့ သူ့အကျိုးစီးပွားအတွက်ဆိုရင် မိတ်ဆွေရဲ့ရန်သူ၊ ရန်သူရဲ့မိတ်ဆွေကိုလည်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်နေတာကို ပြသနေတာဖြစ်ပါတယ်….

ဒါကြောင့် မြန်မာ့တပ်မတော်ကို သူရဲ့မဟာဗျူဟာမဟာမိတ်အဖြစ် ဘယ်လိုပဲသတ်မှတ် သတ်မှတ်၊ တပ်မတော်ရဲ့ရန်သူ EAOs တွေကို ဒရုန်းနည်းပညာနဲ့ ဒရုန်းများရောင်းချပေးနေတာ သိပ်တော့မထူးဆန်းဘူးလို့ ထင်ပါတယ်….

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *