ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံပန်းခြံအနီး၊ခရေပင်လမ်းမပေါ်မှာ Light Truck ယာဥ် ၁ စီး အရှိန်လွန်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိတဲ့ဖြစ်စဥ်တခု ဒီကနေ့ ဇန်နဝါရီ ၇ ရက်၊ နေ့လည် ၃ နာရီအချိန်ခန့်က ဖြစ်ပေါ်ခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)YRO ထံမှ သိရပါတယ်။
အဆိုပါ ယာဥ်တိုက်မှု ဖြစ်စဥ်အတွင်း အမျိုးသား ၅ ဦး၊အမျိုးသမီး ၅ ဦးနဲ့ ကလေး ၂ ဦး၊ စုစုပေါင်း (၁၂) ဦးတို့ ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို Yangon Rescue Organization (YRO) ရဲ့ အဖွဲ့ဝင် မြသီတာ-လူမှုကူညီရေးအသင်း (မင်္ဂလာဒုံ)၊ မာတာ- လူမှုကူညီရေးအသင်း(မင်္ဂလာဒုံ)နဲ့ မိတ်ဖက်ဖြစ်တဲ့ ကြယ်စင်မေတ္တာအသင်း(ဓညင်းကုန်း)တို့က အရေးပေါ်လူနာတင်ယာဥ်တွေနဲ့ အထွေထွေရောဂါကုဆေးရုံ (အင်းစိန်) သို့ ပို့ဆောင် ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
crd//mht