တောင်ငူလေတပ် ရှော့တိုက်ဒုံးပစ်ခံရတယ်ဆိုတဲ့သတင်းမှား

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာ ဦးစီးအရာရှိ ၃ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ၈ ဦးအပြင်းအထန်ဒဏ်ရာရတယ်လို့ Khit Thit နှင့် မြေလတ်အသံမှ သတင်းအမှားရေးသားထားကြောင်း သိရသည်။

ဖြစ်စဉ်အမှန်မှာ >>>>> ဒီဇင်ဘာလ ၄ ရက်နေ့တွင် PDF များမှ တိကျမှုမရှိတဲ့ ရှော့တိုက်ဒုံးနဲ့ ရမ်းသမ်းပြီး တောင်ငူလေတပ်စခန်းဌာနချုပ်ကို ပစ်ခတ်ခဲ့သော်လည်း လေတပ်စခန်း ဧရိယာအတွင်း ကျရောက်ပေါက်ခဲ့ခြင်းမရှိကြောင်းနှင့် ပစ်ချင်သလိုပစ်ကျလို့ ရပ်ရွာတွေထဲကျပြီး အပြစ်မဲ့ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်စည်းစိမ်တွေဆုံးရှုံးခဲ့ရတာလည်း မနည်းတော့ပါဘူး။

ဒေါ်လာစားမီဒီယာများမှ အခြေအမြစ်မရှိတဲ့ သတင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးသေပြီး ၈ ဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ လိမ်ညာရေးသားပြီး လေယာဉ် ၂ စီးမှန်ကွဲတယ်၊ ရှော့ဘားကျိုးတယ်၊ ပြေးလမ်းပျက်စီးတယ်လို့ အောက်တန်းစားဆန်ဆန် ဂျင်းထည့်ရေးသားထားခြင်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *