-ဒီဇင်ဘာ ၂၇ ရက် ၀၆၃၀ နာရီတွင် ညောင်ဦးမြို့နယ်၊ ကြအိုကျွန်းကျေးရွာရှိ “အောင်သိုက်ဦး” အိမ်ဆောက်ပစ္စည်းအရောင်း ဆိုင်ပိုင်ရှင် ဦးဇေယျာထွန်း(ခ)ဦးအောင်သိုက်ဦး(၄၂)နှစ်နှင့် ၎င်း၏ယောက်ခမဖြစ်သူ ဦးနေလင်း(၆၀)နှစ် တို့သည် ဆိုင်အတွင်း၌ ရှိနေစဉ် လက်နက်ငယ်များကိုင်ဆောင်ထားသော အကြမ်းဖက် PDF ကျား ၂ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့ပြီး အကြမ်းဖက်သမားများမှ ဆိုင်အတွင်းမှ ငွေကျပ်သိန်း ၅၀ အား ယူဆောင်၍ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရ။
-ဒီဇင်ဘာ ၂၇ ရက် ၁၇၁၅ နာရီတွင် စလင်းမြို့နယ်၊ အုန်းတောကျေးရွာတွင် နေထိုင်သော ဒေါ်ကြည်စိန်(၅၀)နှစ်နှင့်သားဖြစ်သူ မောင်အောင်ဟိန်းထက်(၁၆)နှစ်တို့သည် နေအိမ်၌ ရှိနေစဉ် လက်နက်ငယ်များ ကိုင်ဆောင်ထားသော အကြမ်းဖက် PDF ကျား ၁၀ ဦးခန့်မှ ဆိုင်ကယ် ၁၂ စီးဖြင့် ရောက်ရှိလာပြီး ဒေါ်ကြည်စိန်နှင့် မောင်အောင်ဟိန်းထက် တို့ ၂ ဦးအား ကျေးရွာ၏မြောက်ဘက် ကျွန်းရင်း ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။