မနေ့(စက်တင်ဘာ ၁၅ ရက်) က မင်းကုန်းတံတားအနီး တိုက်ပွဲဖြစ်စဉ်မှာ PDF ၁ လက်၊ သေနတ် ၂ လက်နဲ့ ကျည်ဆန်တွေ သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းဖော်ပြပြီးဖြစ်ပါတယ်… […]
Year: 2024
အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် ချင်းနှင့် ရခိုင်တိုင်းရင်းသူ (၂)ဦးအား အမိနိုင်ငံသို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့
အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် ချင်းတိုင်းရင်းသူနှင့် ရခိုင်တိုင်းရင်းသူတို့ အား ကိုင်ရိုမြို့ ရှိ မြန်မာသံရုံးမှ ကာဒစ္စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရထံ သံတမန်စာပေးပို၍ ညှိနှိင်းကာ အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း […]
သူတို့ပြောနေကျ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ဘယ်မှာလဲ?
ပြင်သစ်သမ္မတ မာကရိုနီ၏ ဇနီး Brigitte Macron ကို “ဘောပြား” ဟု ရေးသားခဲ့သော ပြင်သစ်အမျိုးသမီး ၂ဦးကို တရားရုံးက ယူရို ၁၃၀၀၀ ဒဏ်ရိုက်ခဲ့ကြောင်း […]
နေတိုးလက်နက်သိုလှောင်ရုံ ဒုံးပျံထိမှန်ခဲ့မှု
Kherson ပြည်နယ်ရှိယူကရိန်းတို့၏ နေတိုးလက်နက်သိုလှောင်ရုံကို ရုရှားဒုံးပျံထိမှန်ခဲ့သောမှတ်တမ်း။
ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်
ယနေ့ စက်တင်ဘာ ၁၆ နေ့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့နယ်တွင် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားပြီး ရေဘေးသင့်ပြည်သူများ စားသောက်ရေးအခက်အခဲမရှိစေရေးအတွက် နယ်မြေခံတပ်မတော်သားများမှ ထမင်းဘူးများ၊ ရေသန့်ဘူးများနှင့် အခြားစားသောက်ဖွယ်ရာများကို လိုက်လံဝေငှပေးလျက်ရှိပါတယ်…..
သိုက်ချောင်း-ပုဗ္ဗသီရိ ဆက်သွယ်ပေးသည့် တံတားအား ပြန်လည် အသုံးပြုနိုင်ပြီ
ရေကြီဂ ရေလျှံမှုအတွင်း ချဉ်းကပ်လမ်းပျက်စီးသွားတဲ့ သိုက်ချောင်းလမ်းဆုံမှ ပုဗ္ဗသီရိသို့ ဆက်သွယ်ပေးသည့် တံတားအား ယခုအခါ ယာယီဘေလီတံတားထိုး ဆောင်ရွက်ပေးခဲ့ပြီဖြစ်သဖြင့် ဖြတ်သန်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
သမ္မတလောင်းထရမ့်လုပ်ကြံခံရပြန်
အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်သည်တနင်္ဂနွေနေ့ကဖလော်ရီဒါပြည်နယ်၊ဝက်စ်ပမ်းဘိချ်ရှိထရမ့်အမျိုးသားဂေါက်ကလပ်တွင်ဂေါက်ရိုက်နေစဥ်သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရသော်လည်းအသက်ဘေးမှလွတ်မြောက်ခဲ့ပြန်သည်။ လျို့ဝှက်လုံခြုံရေးအဖွဲ့ကသံသယရှိသူတစ်ဦးကိုဖမ်းထားသည်။ရီပတ်ဘလီကန်ပါတီမှအမတ်မာဂျိုရီတေလာဂရင်းက သမ္မတလောင်းထရမ့်ကိုသတ်ဖို့ နောက်တကြိမ်သူတို့တွေကြိုးစား ပေမယ့်ထရမ့်က ဘေးကင်းပါတယ်။ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ ထရမ့်ကိုသတ်ဖို့ သူတို့ကြိုးစားနေကြတယ်၊ သမ္မတရွေးကောက်ပွဲမှာသူမနိုင်ဖို့ လုပ်လို့ရသမျှနည်းလမ်းတွေကိုသူတို့လုပ်ကြမှာဟုဆိုရှယ်မီဒီယာတွင်ရေးထားသည်။နယူးယောက်ပို့စ်သတင်းဌာနကပစ်ခတ်မှုသည် လုပ်ကြံမှုမဟုတ်ကြောင်း၊ ဒေါ်နယ်ထရမ့်ကို ချိန်ရွယ်ပစ်ခတ်ခြင်းမဟုတ်ပဲဂေါက်ကွင်းတွင်လူနှစ်ဦးစကားများပြီးအချင်းချင်းပစ်ခတ်ခြင်းဟုရေးသားထားသည်။
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
လူတစ်ဦးချင်းစီရဲ့ရောက်ရှိနေတဲ့သက်တမ်းမှာသုခနဲ့ဒုက္ခကို ချိန်ထိုးကြည့်လိုက်ရင်ဒုက္ခကသာ ပိုပိုသာသာရှိပါလိမ့်မယ်။ အစစအရာရာအဆင်ပြေပါတယ်ဆိုရင်တောင်တစ်နေ့နေ့တစ်ချိန်ချိန်မှာမလွဲမရှောင်သာတဲ့ သေးဘေးဒုက္ခနဲ့ရင်ဆိုင်ကြုံတွေ့ရဦးမှာပါ။ တကယ်တော့အဆင်ပြေမှုဆိုတာကဒုက္ခတောထဲမှာ ရောပါလာတဲ့ပျော်ရွှင်မှုအသေးစားလေးတွေပါ။ အဆင်ပြေမှုလေးတွေနဲ့ဆုံတော့ကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေကိုခဏလောက်တော့ မေ့ပျောက်သွားကြပြီးစိတ်လွတ်ကိုယ်လွတ်တောင်ပျော်နေတတ်ကြတာပဲ။ အဆင်ပြေမှုဆိုတာ ခဏလေးနော်။အဆင်ပြေမှုလေးတွေလည်းအရှိန်လျော့သွားရောနောက်ထပ်တစ်ဖန် စိတ်ထိခိုက်ရပြန်တာပဲ။ ဘဝဆိုတာ ဒီလိုပါပဲ။မွေးဖွားလာကတည်းကအဆိုးနဲ့အကောင်းကို တစ်လှည့်စီခံစားဖို့လောကဓံအမှတ်တံဆိပ် […]
ခရီးသည်ရေယာဥ်တစ်စီးအား PDF များပစ်ခတ်တိုက်ခိုက်
ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအနီး၌ ခရီးသည်တင်ရေယာဉ်အား PDF များက သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသမီးသုံးဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသားငါးဦးပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။ […]
