၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ယခုလကုန်ပိုင်းဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ခြင်းဖြစ်သည်။
စာရင်းအချက်အလက်များ ရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန Website ဖြစ်သည့် www.dop.gov.mm တွင် ရယူနိုင်သည်ဟု သိရသည်။