တောင်သာမြို့နယ်ကို ကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူနေအိမ် ၁၂  လုံးပျက်စီးခဲ့သည်ဆိုတာ သတင်းအမှား

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်းရှိ မိုးနှောင်းခင်းကျေးရွာ ကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လေကြောင်းဖြင်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူနေအဆောက်အုံ ၁၂ လုံးပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် တောင်သာမြို့နယ်အတွင်း ပြည်သူများအေးချမ်းစွာ လုပ်ကိုင်နေထိုင် နိုင်ရေးအတွက်လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက် လျက်ရှိပြီး ဗုံးကြဲတိုက်ခိုက်မှုများမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာ/ရပ်ကွက်များကို အကြောက် တရားလွှမ်းမိုးစေရန် ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ အထက်ပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမား များ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်မှန်ကန်မှုမရှိသည့် သတင်းအမှား များကို ရည်ရွယ်ချက်ရှိရှိလုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

Leave a Reply

Your email address will not be published. Required fields are marked *