ရခိုင်ပြည်နယ်တိုက်ပွဲသတင်းများ

(အမ်းမြို့)
 
  အမ်းမြို့အရှေ့ဘက်မှနေ၍ နယ်မြေရှင်းလင်းပြီး စစ်ကူလာနေသည့် တပ်စစ်ကြောင်းအနေဖြင့် နံနက် ၁၀ နာရီခန့်က ၉၁၉ တပ်နှင့် ၄ မိုင်အကွာရှိ သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီအထိနှ စ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့ကြောင်းနှင့် တိုင်းရုံးရှိ ဗဟိုကင်း၊ စခန်းရုံးနှင့် ပို့ဆောင်ရေးအဖွဲ့နေရာတို့အား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန်ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ညနေအထိ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)
  နံနက် ၃ နာရီခန့်က ၅၄၄ အနောက်ဘက်ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နေ့လည် ၂ နာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ အဆိုပါနေရာအားရှင်းလင်းခဲ့ရာ AA သောင်းကျန်းသူအလောင်း – ၂ လောင်း၊ တရုတ်စက်လက် – ၁ လက်၊ ကျည် – ၄၀၀ တောင့်၊ ကျည်အိမ် – ၃ ခု၊ တရုတ်လက်ပစ်ဗုံး ၅ လုံး၊ RPG – ၁ လက်၊ RPG ဗုံးသီး ၄ လုံးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း၊ ဘုရားကုန်းလုံခြုံရေးအဖွဲ့နှင့် စကခ ၅ မြောက်ဘက် ကာကင်နေရာများအား AA သောင်းကျန်းသူများမှ နေ့လည် ၁၂ နာရီခွဲခန့်က ထပ်မံတိုက်ခိုက်ခဲ့သဖြင့် လေကြောင်း/လက်နက်ကြီး/Drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ လာရောက်တိုက်ခိုက်သည့်နေရာများအား ရှင်းလင်းခဲ့ရာ AA သောင်းကျန်းသူအလောင်း ၂ လောင်း၊ အမ်၂၂ – (၁) လက်၊ ၎င်းကျည် ၂၇၀ တောင့်၊ ကျည်အိမ် – ၃ ခု၊ တရုတ်လက်ပစ်ဗုံး – ၆ လုံး၊ ကျည်ကာဦးထုပ် – ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ နံနက်ပိုင်း ၆ နာရီခွဲခန့်က စကခ ၅ အရှေ့တောင်ဘက်ရှိ ဆက်သွယ်ရေးကုန်းအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ (၁)နာရီခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် တောင်ကုတ်မြို့အရှေ့ဘက်မှနေ၍ တောလမ်းအတိုင်း စစ်ကူတက်လာသည့်တပ်စစ်ကြောင်းအနေဖြင့် လမ်းတစ်လျှောက်ရှိ သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခန့်က နှစ်ဖက်တိုက်ပွဲ ၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၃)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၈)ရက် ရှိလာပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *