ဒီဇင်ဘာ ၅ ရက် နေ့လည်ပိုင်းအချိန်က မံစီမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် အကြမ်းဖက် KIA ၅၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူ အနောက်အရပ်သို့ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) လက်နက်မျိုးစုံ ၃ လက်
- M-21 သေနတ် ၁ လက်
- M-22 သေနတ် ၂ လက်
(၂) ကျည်အိမ်မျိုးစုံ ၁၁ ခု
(၃) ကျည် ၁၀၇၀ တောင့်
(၄) RPG ဒုံးသီး ၃၀ လုံး
(၅) ကျည်ခါးပတ်တွဲ ၄ ခု တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။