စားခွက်လုရင်း PDF အချင်းချင်းမိုင်းဆွဲလို့ ဒဏ်ရာရများပြား

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း မိုင်းဆွဲပစ်ခတ်တာခံရလို့ ၃ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက်ညနေပိုင်းမှာ ငါးန်းဇွန်မြို့ဘက်ကနေ ဆိုင်ကယ် ၅ စီးနဲ့လာတဲ့ PDFတပ်ဖွဲ့ဝင် ၉ ဦးကို ငါန်းဇွန်ဒေသတွင်း အခြေပြုလှုပ်ရှားနေတဲ့ (Local PDF) တပ်ဖွဲ့ဝင်တွေက တောင်အောက်ရွာဆိုင်းဘုတ်အနီးမှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

မိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ငါန်းဇွန်ပြည်သူ့အင်အားတပ်ဖွဲ့ဝင် ငတေ ၃၉ နှစ်၊ ဒေါင်းနီ ၂၃ နှစ်နဲ့ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းက ၁၈ နှစ်အရွယ် ရဲဘော် ၁ ဦးတို့မှာ လက်၊ ခြေထောက်နဲ့ ဦးခေါင်းတွေမှာ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြသည်။

အခုတော့ ပြည်သူတွေကပေးစာကမ်းစာနဲ့ လက်နက်ကိုင်ခဲ့တဲ့သူတွေက လက်နက်ရှိတာနဲ့ ဓားပြတိုက်စီးပွားရှာလို့ ရတယ်ဆိုတာကို သိသွားတော့ စားခွက်တွေလုပြီး အချင်းချင်းဆော်နေကြပြီ။

Leave a Reply

Your email address will not be published. Required fields are marked *