-ဒီဇင်ဘာ ၁ ရက်နေ့ ၁၃၄၅ နာရီတွင် ချောက်မြို့နယ်၊ ကူဖြူကျေးရွာတွင်နေထိုင်သော မောင်အောင်အောင်(၁၆)နှစ်သည် ဈေးရောင်းရန် သန်းကုံးကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် ကံတောက်ကျောင်းကျေးရွာ၏ တောင်ဘက် ၁ ဖာလုံခန့်အကွာ အရောက်၌ အကြမ်းဖက် PDF ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် လိုက်ပါလာပြီး သတ်ဖြတ်သွားခဲ့ရာ မောင်အောင်အောင်တွင် ဦးခေါင်းနောက်စေ့၊ လည်ပင်း၊ ယာခြေသလုံး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့။
-ဒီဇင်ဘာ ၁ ရက်နေ့ ၁၅၃၅ နာရီတွင် နွားထိုးကြီးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ မလည်ကျေးရွာတွင် နေထိုင်သော ဦးစိုးထက်အာကာ(၃၀)နှစ်သည် မြင်းခြံမြို့သို့ ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာအထွက် အရောက်၌ အကြမ်းဖက် PDF ကျား ၅ ဦးမှ ဆိုင်ကယ်အားတားဆီး၍ ရွာကြီးကျေးရွာ အနောက်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။
-ဒီဇင်ဘာ ၁ ရက်နေ့ ၁၇၄၅ နာရီတွင် ငါန်းဇွန်မြို့နယ်၊ အနောက်တောကျေးရွာနေ သားဖွားဆရာမ ဒေါ်ဌေးနုဝါ(၃၉)နှစ်သည် နေအိမ်၌ ရှိနေစဉ် လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် အကြမ်းဖက် PDF ကျား ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ ဒေါ်ဌေးနုဝါတွင် ရင်ဘတ်၊ ဝမ်းဗိုက် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။
-ဒီဇင်ဘာ ၁ ရက်နေ့ ၀၉၄၅ နာရီတွင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ရှိ “မြတ်မိဘ” ကုမ္ပဏီပိုင် ဆင်ဖြူတော်သကြားစက်ရုံအား PDF အကြမ်းဖက်အဖွဲ့မှ Drone ဖြင့် Drop ဗုံး ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ Drop ဗုံးများမှာ သကြားစက်ရုံဝန်းအတွင်းရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်ပေါ်၌ ၁ လုံး၊ နေအိမ်ဘေးရှိ မြေကွက်လပ်၌ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် နေအိမ်အမိုး အနည်းငယ် ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရ။