ဂီနီနိုင်ငံရှိ ဘောလုံးပွဲတစ်ပွဲတွင် အငြင်းပွားမှုများကြောင့် လူပေါင်းရာနှင့်ချီသေဆုံးခဲ့ကြောင်းသိရသည်။
အနောက်အာဖရိကဒေသ မြို့ကြီးတစ်မြို့ဖြစ်သော Nzerekore မြို့ရှိ Labe နှင့် Nzerekore ဘောလုံးအသင်းများကြားတွင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေသတွင်း ဆေးရုံများမှ သတင်းရင်းမြစ်များ၏ ဖြေကြားချက်အရ သေဆုံးသူ ၁၀၀ ဝန်းကျင်အထိ မြင့်တက်နေကြောင်း သိရသည်။
တနင်္ဂနွေနေ့တွင်ဖြစ်ပွားခဲ့သော အဆိုပါ ရုန်းရင်းဆန်ခတ်မှုသည် ကွင်းလယ်ဒိုင်လူကြီး၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကြောင့်ဖြစ်ကြောင်း ဒေသတွင်းသတင်းများကဖော်ပြသည်။
ဒဏ်ရာရရှိသူများအား အဟန့်အတားမရှိ ဆေးကုသမှုပေးရန် အစိုးရမှ ထုတ်ပြန်ထားပြီး အဆိုပါ ကစားပွဲသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် ဂီနီစစ်တပ်ခေါင်းဆောင်အား ဂုဏ်ပြုသည့်ပွဲလည်းဖြစ်ကြောင်း သိရသည်။
crd