မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နယ်၊ အောင်ရတနာရပ်ကွက်ရှိ “ချိုချို” စိန်ရွှေရတနာဆိုင်သို့ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ဝင်ရောက်လုယက်မှုကျူးလွန်ခဲ့သည့် တရားခံအမျိုးသားနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားသည်။
ယင်းဖြစ်စဥ်မှာ နိုဝင်ဘာ ၂၈ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ဆိုင်အတွင်းသို့ သေနတ်ပစ်ဖောက်ဝင်ရောက်၍ မှန်ကောင်တာကို တူဖြင့် ထုခွဲကာ ဆွဲသီးပါရွှေဆွဲကြိုး ၂၀ ကုံး၊ ရွှေကလစ် ၁၅ ခု၊ ရွှေအလေးချိန် ၁၃ ကျပ်သားခန့်၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၇၅၄ သိန်းခန့်အား လုယက်ယူဆောင် သွားခဲ့ခြင်းဖြစ်သည်။ဖြစ်စဥ်အတွင်း သေနတ်ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းဦး(၅၉)နှစ်နှင့် ဆိုင်အပြင် လမ်းမပေါ်တွင် ရှိနေသည့် ဦးအောင်မျိုးမြင့်ပိုင်(၂၇)နှစ်တို့တွင် ကျည်ထိ မှန် ဒဏ်ရာများရရှိခဲ့သဖြင့် မကွေးမြို့မရဲစခန်း (ပ)၁၂၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်၍ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။ထိုသို့ဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အောင်ဇော်ထွန်း(၄၉)နှစ် (ဘ)ဦးမြသောင်း၊ အောင်မြေ သိမ်ကုန်းရပ်ကွက်၊ မင်းဘူးမြို့ နယ်နေသူအား ယင်းနေ့ည ၇ နာရီခွဲတွင် မကွေးမြို့နယ်၊ ယင်းဆိပ်စစ်ဆေး ရေးဂိတ်၌ ၎င်းစီးနင်းလာသည့် NewAnbo 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိတရားခံ အောင်ဇော်ထွန်း၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ အောင်မင်းသူ (ခ) မိုးသန်း(၃၄) နှစ် (ဘ)ဦးခင်မောင်ဦး၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူလည်း ပါဝင်ကြောင်း သိရသလို လုယက်ယူ ဆောင် လာသည့် ရွှေထည်ပစ္စည်းများကို ရှားပင်လှကျေးရွာအနီးရှိ လျှိုတစ်ခုအတွင်း၌ ဝှက်ထားခဲ့ကြောင်းပါ သိရှိရသဖြင့် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၄ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ အဆိုပါနေရာတွင် အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ ရွှေဆွဲကြိုး ၁၈ ကုံး၊ ရွှေက လစ် ၅ ခုနှင့် အခင်းဖြစ်စဥ်အတွင်း အသုံးပြုခဲ့သည့် GLOCK 19 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၁တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ထို့အတူ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ အောင်မင်းသူ (ခ)မိုးသန်းအား နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၊ ရွှေဆံတော် ဘုရားပေါ်ရှိ ကျားပျံဓမ္မာရုံ၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။တရားခံ အောင်ဇော်ထွန်းနှင့် အောင်မင်းသူ(ခ)မိုးသန်းတို့နှစ်ဦးအား ထပ်မံစစ်ဆေးချက်အရ လုယက်မှုကျူး လွန် စဉ် ပစ်ခတ်သုံးစွဲခဲ့သည့် GLOCK 19 အမျိုးအစား ပစ္စတိုသေနတ်နှင့် ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၄ တောင့်အား တရားခံ အောင်ဇော်ထွန်းမှ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်တွင် သွားရောက်အလုပ်လုပ်ကိုင်စဉ် အမျိုးသားတစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၂၅ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း၊ “ချိုချို ”စိန်ရွှေရတနာဆိုင်အား လုယက်မှုကျူးလွန် ရန် ၎င်းတို့နှစ်ဦးသည် လုယက်မှုမကျူးလွန်မီ နှစ်ရက်ခန့်ကြိုတင်၍ စိန်ရွှေရတနာဆိုင်၏ ရောင်းချ နေမှုအခြေအနေနှင့် လူဝင်၊ လူထွက်အခြေအနေများအား စောင့်ကြည့်ခဲ့ကာ လုယက်မှု ကျူးလွန်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရ သည်။ဖြစ်စဉ်တွင် သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်မှုကျူးလွန်ခဲ့သူ တရားခံ အောင်ဇော်ထွန်းနှင့် အောင်မင်းသူ(ခ)မိုးသန်းတို့နှစ်ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
crd