သံဖြူဇရပ်မြို့အဝင် ဖောင်စိန်စစ်ဆေးရေးဂိတ်နှင့် အမြောက်တပ်ကို ဒရုန်းဖြင့်တိုက်ခိုက်တာ လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦးသေတယ်လို့ Khit Thit မှ ဗြောင်လိမ်ရေးသားထားကြောင်း သိရှိရပါတယ်။
ဖြစ်စဉ်အမှန်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သံဖြူဇရပ်မြို့အဝင် ဖောင်စိန်စစ်ဆေးရေးဂိတ်ကို PDF များမှ ဒရုန်းဖြင့် ရမ်းသမ်းတိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်း အလားတူ နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း တပ်မတော်ရဲ့ အမြောက်တပ်ကို ဒရုန်းဖြင့် ရမ်းသမ်းတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသအတွင်းသတင်းများအရသိရှိရပါတယ်။
Khit Thit မှ လူအထင်ကြီးအောင် လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦးသေတယ်ဆိုပြီး အောက်တန်းကျစွာ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်❗️❗️❗️