🌷 နတ်တွေပေးတဲ့မေတ္တာ🌷
ကိုယ်က မမြင်ရပေမယ့်
ကိုယ့်ပတ်ဝန်းကျင်မှာ အိမ်စောင့်နတ်၊
ခြံစောင့်နတ်၊ တောစောင့်နတ်၊တောင်
စောင့်နတ်၊ဘုမ္မစိုး၊ရုက္ခစိုး၊အာကာသစိုး
တို့ ဆိုတာ ရှိပါတယ်။
အဲလို ရှိနေကြတာကို
သူတို့လည်း သူတို့ဟာသူတို့ နေတာ၊
ကိုယ်လည်းကိုယ့်ဟာကိုယ် နေတာပဲ
ဆိုတာမျိုး မဟုတ်ဘဲ …
မိမိကိုယ်တိုင်က သူတို့ကို
အသိအမှတ်ပြုပြီး ကုသိုလ် ပြုတိုင်း၊
ပြုတိုင်းအားလုံး ချမ်းသာကြပါစေလို့
မေတ္တာပို့၊
ကုသိုလ်ကောင်းမှုတို့ကို အမျှ ရကြပါ
စေလို့ အမျှ ဝေပါ။
အမျှရပြီး သာဓု ခေါ်ရင်
သူတို့မှာ ဘုန်းတန်ခိုးတွေတိုးတယ်တဲ့.။
သူတို့တွေ ဘုန်းတန်ခိုးတွေ တိုးပြီး
ချမ်းသာသုခတွေရရှိကြရင်
ကိုယ့်ကို မေတ္တာထား စောင့်ရှောက်ကြ
တယ်။
နတ်တွေ စောင့်ရှောက်တာ ခံရတဲ့သူဟာ
အကောင်းတွေချည်းပိုပြီးဖြစ်လာတယ်။
မိဘက သားသမီးကို စောင့်ရှောက်သလို
ပဲ တဲ့.။
ဒါကြောင့် ကုသိုလ် ပြုပြီးတိုင်း၊
ပြုပြီးတိုင်း ကိုယ့်ပတ်ဝန်းကျင်က
နတ်တွေကို မေတ္တာပို့ အမျှ ပေးဝေကြပါ။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ