ကယားပြည်နယ် ပြည်သူ့ပါတီက နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုဖို့ UEC ထံလျှောက်ထား

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP)သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ နိုဝင်ဘာ ၁၁ ရက်က လာရောက်လျှောက်ထားခဲ့သည်ဟု သိရသည်။

ထိုသို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီမှာ ယနေ့အထိ ၁၈ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီမှာ ၅၀ ရှိသဖြင့် စုစုပေါင်း ၆၈ ပါတီရှိပြီဖြစ်ကြောင်း UEC က အသိပေးထားသည်။

အလားတူ ယခုလျှောက်ထားသည့်အဖွဲ့ကို ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

CRD// 𝙈𝙃𝙏𝙉𝙀𝙒𝙎