ရုရှားသမ္မတပူတင်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်မယ်လို့ မျှော်မှန်းနေတဲ့ ထရန့်

အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက်သမ္မတအဖြစ် ရွေးကောက်ခံထားရပြီဖြစ်တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ညှိနှိုင်းဆွေးနွေးပွဲ မပြုလုပ်ခဲ့ရသေးဘူး။ ပူတင်နဲ့ ညှိနှိုင်းဆွေးနွေးပွဲလုပ်ဖို့အတွက် ဆုံးဖြတ်ချက်မချရသေးပေမယ့် တွေ့ဆုံဆွေးနွေးဖြစ်မယ်လို့ ထင်ပါတယ်လို့ NBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ နိုဝင်ဘာလ ၇ ရက်က ပြောကြားခဲ့ပါတယ်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က သူ့အနေနဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီး၊ အစ္စရေးသမ္မတ ဘင်ဂျာမင် နေတန်ရာဟုတို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၇၀ နီးပါးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးတယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ထရန့်က သူနဲ့ ရာထူးစွန့်ရတော့မှာဖြစ်တဲ့ သမ္မတ ဂျိုးဘိုင်ဒန်တို့ သိပ်မကြာခင် ညစာအတူစားကြဖို့ သဘောတူထားတယ်လို့လည်း ဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲကိုနိုဝင်ဘာလ ၅ ရက်က ပြုလုပ်ခဲ့တာပါ။ ရွေးကောက်ပွဲရလဒ်ကို တရားဝင်အတည်ပြုကြေညာခြင်းမရှိသေးပေမယ့် Fox News သတင်းဌာနက သမ္မတဖြစ်ဖို့လိုအပ်တဲ့ Electoral vote ၂၇၀ ထက် ထရန့်က ကျော်လွန်ရရှိသွားပြီဆိုတာ နိုဝင်ဘာ ၅ ရက် ညပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒီနောက်မှာတော့ ထရန့်က သူ့ကိုယ်သူ ၄၇ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် ကြေညာခဲ့သလို ဒီမိုကရက်တစ်ပါတီမှ သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်တဲ့ ကာမာလာ ဟားရစ်ကလည်း ရှုံးနိမ့်ကြောင်းဝန်ခံခဲ့ပါပြီ။

ရုရှားသမ္မတ ပူတင်ကလည်း ထရန့်ကို ရွေးကောက်ပွဲအနိုင်ရမှုအတွက် ဂုဏ်ပြုပါတယ်လို့ မော်စကိုအခြေစိုက် နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး ပညာရှင်အဖွဲ့ဖြစ်တဲ့ Valdai International Discussion Club ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ နိုဝင်ဘာလ ၇ ရက်က ပြောခဲ့ပါတယ်။

CRD///M T NEWS